spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

    ရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၃)

     မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ ခေါဇာချောင်းဝရွာမှရာအိမ်မှူးဦးရဲဝင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် အသတ်ခံခဲ့ရကြောင်း ရေးမြို့နယ်ရဲစခန်းမှသိရသည်။

    လပိုင်းမျှသာ ရာအိမ်မှူးဖြစ်လာသည့် ဦးရဲဝင်းသည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကိုင်လူတချို့၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး နောက်တစ်နေ့တွင်ကျေးရွာအဝင်၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ ကိုရဲဝင်းကို လက်နက်ကိုင်တွေ ဖမ်းသွားတယ်ဆိုပြီး ကျွန်တော်တို့သိရတယ်။ ကျွန်တော်တို့ လိုက်ပါသေးတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ သူ့အလောင်းပဲပြန်ရတယ်။ သူက ကြံ့ခိုင်ရေးဥက္ကဌဆိုတာလည်း မဟုတ်ပါဘူး။ ရာအိမ်မှူးအသစ်ပါပဲ”ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးသိန်းဇော်က ဆိုသည်။

    ခေါဇာချောင်းဝကျေးရွာ၌ ဦးရဲဝင်းအလောင်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်အပစ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အတည်ပြုသော်လည်း  မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) မည်သူမည်ဝါလုပ်ဆောင်သွားသည်ကို မသိရသေးပေ။

    ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်မှ ရာအိမ်မူး ကိုစိုး ဆိုသူကိုလည်း လက်နက်ကိုင်လူတစ်စုမှ နေအိမ်အထိလာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks