spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19(၁၀)ကြိမ်မြောက် မွန်လူငယ်များနေ့ကို အကျဉ်းချုံးကျင်းပ

    (၁၀)ကြိမ်မြောက် မွန်လူငယ်များနေ့ကို အကျဉ်းချုံးကျင်းပ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၈)

    (၁၀)ကြိမ်မြောက် မွန်လူငယ်များနေ့ကို လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းကြောင့် အကျဉ်းချုံး၍သာ ကျင်းပခဲ့သည်ဟု Mon Youth Forum- MYF မှ အကြံပေး မင်းညာဏ်စိုက်ရာမာဉ် က ပြောသည်။

    “ကိုဗစ်ကြောင့် နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေး အခြေအနေတွေကလည်း ဟိုလိုရှိတဲ့အခါကြတော့ ကျနော်တို့ကလည်း အဓိက ကိုဗစ်ပဲ။ ကိုဗစ်ကြောင့် ပွဲက မနှစ်လိုပဲ ဒီရေးမြို့နယ်မှာလည်း ပွဲအကျဉ်းချုံ့ လေးလုပ်ပြီးတော့မှ လိုက်စုတဲ့သဘောလို လုပ်တာပေါ့” ဟု မင်းညာဏ်စိုက်ရာမာဉ်က ပြောသည်။

    ဒီဇင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်လူများနေ့ အခမ်းအနားကို မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)၊ မွန်ညီညွတ်ရေးပါတီ (MUP)နှင့် သံဃာတော်များ၊ မွန်လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

    မွန်လူငယ်များနေ့ကို ကိုဗစ် – ၁၉ ကြောင့် လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ပြီး သဘာပတိထုတ်ပြန်ချက်‌များ၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားခဲ့သည်ဟု သိရသည်။

    “နောင်လာမယ့် ကျနော်တို့ ဖက်ဒရယ်နိုင်ငံတည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍက လူငယ်တွေရဲ့ တကယ့်ပညာရှင်တွေကို လိုအပ်နေတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်တွေ ကျနော်တို့ လူငယ်တွေက တတ်မြောက်ထားမှ နို့မဟုတ်လို့ရှိရင် နိုင်ငံခြားကနေဖြစ်ဖြစ် တက္ကသိုလ်ပညာတော်သင်ပြီးမှ ပြန်လာ အဲအထိရောက်မှ ကျနော်တို့ အုပ်ချုပ်နိုင်တဲ့ စွမ်းရည်တွေက အုပ်ချုပ်နိုင်မှာ” ဟု မင်းညာဏ်စိုက်ရာမာဉ်က ပြောသည်။

    မွန်လူငယ်များနေ့နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် လူငယ်နှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပြင် လူငယ်များနှင့် ဆက်စပ်သည့် လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းရန် တိုက်တွန်းထားကြောင်း ၄င်းက ပြောသည်။

    မွန်လူငယ်ဆုံရပ် MYF ပြောခွင့်ရ မင်းမွန်ထောက “တခြားဒေသနဲ့ တွက်ဆကြည့်ရင် မွန်ပြည်နယ်ဟာ ပိုပြီးအေးချမ်းနေတဲ့သဘော ရှိတာပေါ့။ အခုလိုကာလမှာ အေးချမ်းနေတယ်လို့ထင်ပြီးတော့ လူငယ်တွေမှာ ပိုပြီးလျော့ရိလျောရဲ ဖြစ်နေကြတယ်။ အထူးသဖြင့် ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်ကြတယ်။ အလည်အပတ်တွေများသလို မူးယစ်ဆေးဝါးအဝန်းအဝိုင်းမှာ ယစ်မူးနေကြတာ အများကြီး။ နောက်ပြီး နိုင်ငံရေးအခြေအနေတို့၊ ကပ်ရောဂါကာကွယ်ရေးတို့ အမျိုးသားရေးဆိုင်ရာတွေမှာ လူငယ်ပါဝင်မှု အားမရပါဘူး။ ကဏ္ဍမျိုးစုံဘက်မှာ ပြောရရင် စီးပွားရေး၊ လူမှုရေး၊ အမျိုးသားရေး ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေးပဲဆိုဆို ဒီကနေ့ ကျနော်တို့လူငယ်တွေ စိတ်ဝင်စားမှု အတော်လေး အားနည်းနေကြပါတယ်”ဟု ဆိုသည်။

    ပြီးခဲ့သည့် ၉ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ကိုဗစ်ကာလကျန်းမာရေးစည်းကမ်းချက်နှင့် အညီ သဘာပတိအဖွဲ့နှင့် အခမ်းအနားမှူးတို့က ရေးမြို့နယ်တစ်နေရာမှ MYF facebook online live streaming အစီအစဉ်ဖြင့် အခမ်းအနားကျင်းပခဲ့သည်။

     မွန်နိုင်ငံရေးလောကတွင် ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ခေါင်းဆောင်ကြီးများကို ဂါရဝပြုခြင်း၊ လူငယ်များ၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို မြှုင့်တင်ခြင်းနှင့် လူငယ်များအချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နှစ်စဉ် မြို့နယ်တစ်ခုစီအလိုက် အလှည့်ကျကျင်းပခဲ့သည်။

    ပထမအကြိမ် မော်လမြိုင် မွန်လူငယ်နှီးနှောဖလှယ်ပွဲကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီးနောက် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း စတင်ပေါ်ပေါက်လာရခြင်းကိုအစွဲပြု၍ မွန်လူငယ်များနေ့အဖြစ် သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks