Homeငြိမ်းချမ်းရေးကရင်တွင် အရပ်သားတိုက်ခိုက်ခံရမှု ရပ်တန့်ဖို့ အမေရိကန်အပါအဝင် ၁၆ နိုင်ငံမှ သံအမတ်ကြီးများတောင်းဆို

ကရင်တွင် အရပ်သားတိုက်ခိုက်ခံရမှု ရပ်တန့်ဖို့ အမေရိကန်အပါအဝင် ၁၆ နိုင်ငံမှ သံအမတ်ကြီးများတောင်းဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၄)

ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရန် အမေရိကန်အပါအဝင် ၁၆ နိုင်ငံမှ သံအမတ်ကြီးများက တောင်းဆိုခဲ့သည်။

စစ်အာဏာရှင်၏ နိုင်ငံအဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိတို့ ရှုတ်ချကြောင်း ယနေ့ (ဒီဇင်ဘာ ၂၄) ရက်တွင် ရေးသားထုတ်ပြန်ခဲ့သည်။

“စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုသည်” ဟု ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး လက်ရှိတွင် ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

၎င်းတောင်းဆိုချက်ကို အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေနှင့် ဆွစ်ဇာလန်စသည့် သံရုံးများမှ တောင်းဆိုခဲ့သည်။

လေးကေ့ကော်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်နှင့် KNU ကြား နှစ်ဖက် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ  ၂၃ ရက် ညပိုင်းတွင်း လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာခဲ့ကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ် သည်။

လတ်တလောတွင် လေးကေ့ကော်နှင့် အနီးတဝိုက်ကျေးရွာများမှ ဒေသခံစစ်ရှောင် ၁၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts