Thursday, March 19, 2026
More
    spot_img
    Homeသတင်းဘဏ်ဝန်ဆောင်မှုအဆင်မပြေသောကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် အခက်အခဲဆက်လက်ဖြစ်ပေါ်

    ဘဏ်ဝန်ဆောင်မှုအဆင်မပြေသောကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် အခက်အခဲဆက်လက်ဖြစ်ပေါ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၀)

    ဘဏ်များမှ ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုကို အချိန်ကာလရှည်ကြာ ဆက်လက်ကန့်သတ်ထားသောကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်ရန် အခက်အခဲဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

    ကုမ္ပဏီများကို တစ်ပတ်လျှင် သိန်း ၂၀၀ ထိ နစကကောင်စီမှ ထုတ်ယူခွင့်ပေးထားသော်လည်း ဘဏ်များက တစ်ပတ်လျှင် ဆယ်သိန်းသာ ထုတ်ပေးကြောင်း မော်လမြိုင်မှလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “အလုပ်တွေ ထပ်တိုးချဲ့ဖို့နဲ့ လုပ်ခငွေ၊ အချိန်ပိုကြေးတွေ ရှင်းပေးဖို့ကျတော့ အခက်အခဲဖြစ်တာပေါ့။ ကျွန်မတို့လိုတာက သိန်း ၁၀၀ ဆိုရင် ဘဏ်ထုတ်ပေးတာက ဆယ်သိန်းပဲဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ”ဟု ၎င်းက ပြောသည်။

    တစ်ချို့ ရက်သတ္တပတ်တွင် ဘဏ်၌ ငွေသား မလုံလောက်သောကြောင့် ငွေထုတ်ယူခွင့် မရကြောင်း ဆက်ပြောသည်။

    Kpay-Wave pay ကဲ့သို့ ဒီဂျစ်တယ် ငွေပေးချေမှုကို အသုံးပြုရာတွင်လည်း ရာခိုင်နှုန်းပေးနေရသောကြောင့် အခက်အခဲ ရှိနေကြောင်း မော်လမြိုင်မှ ပဲ၊ နှမ်းလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “အတတ်နိုင်ဆုံးသော ငွေသားနဲ့ပဲ အရောင်းအဝယ်လုပ်တာပေါ့။ ဘဏ်က ပိုက်ဆံ ထုတ်မရတဲ့အချိန်ဆို အပြင်က ဘဏ်ငွေလွှဲတွေဆီက ထုတ်ရင် ရာခိုင်နှုန်းပေးထုတ်ရတယ်။ မရတဲ့ အဆုံးတော့ ရာခိုင်နှုန်းတွေ ပေးပြီး ထုတ်ယူနေရတာပေါ့။ ပိုကုန်တာပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

    ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ယခင်အတိုင်း ပြန်လည် မလည်ပတ်နိုင်ပါက စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ကြောင်း ဆက်ပြောသည်။


    ATM စက်များမှ တရက်လျှင် ကျပ် ၅ သိန်း၊ ဘဏ်အကောင့်များ တပတ်လျှင် သိန်း၂၀ နှင့် ကုမ္ပဏီများနှင့် အဖွဲ့အစည်း အကောင့်များ ဘဏ်တွင် တပတ်လျှင် သိန်း ၂၀၀ အထိသာ ထုတ်ခွင့်ပေးထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks