Thursday, March 19, 2026
More
    spot_img
    HomeCovid 19ရဲတပ်သားတစ်ဦးတွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့ရှိသဖြင့် ပေါင်မြို့မရဲစခန်း ပိုးတွေ့သူ ၁၈ ဦးရှိလာ

    ရဲတပ်သားတစ်ဦးတွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့ရှိသဖြင့် ပေါင်မြို့မရဲစခန်း ပိုးတွေ့သူ ၁၈ ဦးရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၇)

    ရဲတပ်သား တစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ပေါင်မြို့မ ရဲစခန်းတွင် ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

    ဒီဇင်ဘာ ၁၀ ရက်က ပေါင်မြို့မရဲစခန်းတွင် အချုပ်သား တစ်ဦး ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး စတင် တွေ့ရှိခဲ့ကြောင်း၊ ထိုနောက် အချုပ်ခန်းအတွင်းမှ အချုပ်သား ၃၂ ဦးကို ဒီဇင်ဘာ ၁၁ရက်တွင် ထပ်မံစစ်ဆေးရာ အချုပ်သား ၁၆ ဦး၌ ကိုဗစ်အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

    ပေါင်မြို့နယ်မှ ကိုဗစ်အရေးကူညီနေသူတစ်ဦးက “RTD နဲ့ စစ်တဲ့လူတွေကတော့ အားလုံး negative အဖြေထွက်တယ်။ PCR နဲ့ စစ်တဲ့ တပ်ဖွဲ့ဝင် ၁၄ ဦးမှာပဲ တစ်ဦး Positive ထွက်တယ်။ အခုတော့ သူကို Isolation ward ကို ပြောင်းရွေ့ထားပေးပြီးပါပြီ”ဟု ၎င်းက ပြောသည်။

    ပေါင်မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သာမက မိသားစုဝင်များ ၈၀ဦးကို RTD ဖြင့် ဒီဇင်ဘာ ၁၄ ရက်က ထပ်မံစစ်ဆေးခဲ့ရာတွင် Negative အဖြေထွက်ရှိခဲ့ကြောင်း ပေါင်မြို့နယ်မှ ကိုဗစ်အရေးကူညီနေသူက ပြောသည်။

    PCR ဖြင့် စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအနက် ရဲတပ်သားတစ်ဦးတွင် Positive တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

    လက်ရှိတွင် Positive လူနာတစ်ဦးကိုသာ အောက်စီဂျင် ပေးထားရပြီး ကျန်သည့် လူနာအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆက်ပြောသည်။

    ပေါင်မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း mask ကို စနစ်တကျ တပ်ဆင်ကာ သွားလာကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

    ပေါင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများတွင် တွေ့ရှိရသော ဗိုင်းရပ်စ်သည် ဗီဇမျိုးကွဲ အိုမီခရွန်ရောဂါပိုး မဟုတ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။


    Photo- နတ်သား-ပေါင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks