Thursday, March 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလေးကေ့ကော်တိုက်ပွဲ တပ်မတော်သား ၈ ဦး ဖမ်းမိထား

    လေးကေ့ကော်တိုက်ပွဲ တပ်မတော်သား ၈ ဦး ဖမ်းမိထား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၇)

    ဓါတ်ပုံ – စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်မှ တပ်သား ၈ ဦး ဖမ်းဆီးရမိထားကြောင်း PVTV မှ ယနေ့ (ဒီဇင်ဘာ ၁၇) တွင် ထုတ်ပြန်ခဲ့သည်။

    “စစ်ကောင်စီတပ်နှင့် KNLA+PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော လေးကေ့ကော် မဲထော်သသလေး ပရိကလော်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၈) ဦးကျဆုံးပြီး စစ်ကောင်စီ (၆)၊ BGF (၂) ဦး အရှင်ဖမ်းမိထားကြောင်း၊ လက်နက်ခဲယမ်းများလဲ သိမ်းဆည်ရရှိထားကြောင်း” ထုတ်ပြန်ခဲ့သည်။

    ၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခြေအနေမှာ ရှုတ်ထွေးနေ၍ အသေးစိတ်မသိရှိရသေးကြောင်း BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

    “ကျနော်တို့လည်း ဃဂနဏ မသိသေးဘူး။ အခုချိန်က ဘာတွေမှန်းလည်းမသိသေးဘူး ရှုတ်နေတယ်နော်။ ပြီးမှ အေးအေးဆေးဆေးပြန်ပြောမယ်နော်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

    ထို့အတူ ဒေသအေးချမ်းရန်အတွက်လည်း နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် နံပတ်တစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်ဘက်မှ တပ်သား (၈) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရရှိခဲ့ကြောင်း ဒူးမလာယာခရိုင်က ယနေ့ (ဒီဇင်ဘာ ၁၇) ရက်တွင် ထုတ်ပြန်ခဲ့သည်။

    “KNU ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့တွင် စစ်ကောင်စီတပ် စကခ–၁၃ လက်အောက်ခံ၊ ခမရ-၅၆၀ တပ်ရင်းနှင့် KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၇) တို့ ထိပ်တိုက်ပွဲများ (၃) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီမှ (၈) ဦး သေဆုံးကာ အရာရှိပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

    BGF မှ ဗိုလ်မှူး နိုင်မောင်ဇော်က ငြိမ်းချမ်းရန်အတွက် နံပတ်တစ်ဦးစားပေးဖြစ်ပြီး ပြည်သူလူထုများ စစ်ပြေးနေရသည်ကို စိတ်မချမ်းသာကြောင်း ပြောသည်။

    “ငြိမ်းချမ်းဖို့အတွက်က နံပတ်တစ် ဦးစားပေးကိစ္စပဲ၊ စစ်က ကောင်းမှ မကောင်းတာ။ စစ်က ဘယ်သူ့အတွက်မှ မကောင်းဘူး။ ပြည်သူအတွက်လည်း မကောင်းဘူး။ အခုလည်းကြည့်ပါလား လူတွေ အများကြီး စိတ်မချမ်းသာစရာကြီး စစ်ပြေးဒုက္ခသည်ဖြစ်နေတာ” ဟု ပြောကြားသည်။

    တပ်မတော်မှ ဒီဇင်ဘာ ၁၄ ရက်က လေးကေ့ကော်မြို့အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    ၎င်းတိုက်ပွဲကြောင့် လေးကေ့ကော် မြို့နေ ပြည်သူ (၃၀၀၀) ကျော်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks