Thursday, March 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်အမျိုးသားနေ့ ဗဟို စိန်ရတုအခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

    မွန်အမျိုးသားနေ့ ဗဟို စိန်ရတုအခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၁၇)

    မွန်အမျိုးသားနေ့ ဗဟို စိန်ရတုအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ကိုဗစ်စည်းကမ်းများနှင့်အညီကျင်းပမည်ဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

    ကိုဗစ်ကာလ စီးပွားရေးထိခိုက်မှုများကြောင့် လုပ်ငန်းရှင်များထံ အလှူခံရန် အခက်အခဲရှိနေသဖြင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် အစဥ်အလာအတိုင်း ပြည်နယ်အစိုးရထံထောက်ပံ့ကြေး တောင်းခံလွှာ တင်ထားပြီဖြစ်ကြောင်း မွန်အမျိုးသားနေ့ မဟို စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး မိစန္ဒနွန်က ဆိုသည်။

    “ကျွန်မတို့ စိန်ရတုပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ချင်ပေမဲ့ တိုင်းပြည်အခြေအနေအရရော ကိုဗစ်ကာလမှာအထိနာထားတဲ့ လုပ်ငန်းရှင်တွေအတွက်ပါ စဥ်းစားနေရတယ်။ ကိုဗစ်ကာလ ၂ နှစ်အတွင်းမှာစီးပွားရေးကလည်းအထိနာထားကြတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေအရ ပြည်နယ်အစိုးရက ဘယ်လောက်ထောက်ပံ့မလဲဆိုတာလည်း မသိရသေးဘူး။ ထောက်ပံ့ကြေးအတွက်စာတင်ပြီးတာတော့ နှစ်ပတ်လောက်ရှိပါပြီ”ဟု မိစန္ဒာနွန်က ပြောသည်။

    မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း တစ်မြို့ နယ်စီဖြင့် အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ် ကျရောက်သည့် ၇၅ နှစ်ပြည့် စိန်ရတုဗဟိုအခမ်းအနားကို ငွေကျပ်သိန်းတစ်ထောင်ဝန်းကျင် အကုန်ကျခံပြီး ကျင်းပ သွားမည် ဖြစ်သည်။

    မိစန္ဒာနွန်က “ခါတိုင်းနှစ်တွေဆိုရင် ပြည်နယ်အစိုးရက သိန်း ၅၀၀ လောက် ထောက်ပံ့တယ်။ ဒီနှစ်တော့မသိရသေးဘူး။ လောလောဆယ်တော့ကိုဗစ်အတွက်ပြင်ဆင်ထားတာက ကော်မတီက လူတွေအကုန်ကိုဗစ်ကာကွယ်ဆေး ထိုးထားတယ်။ မထိုးရသေးတဲ့သူတွေကိုလည်း အလျင်အမြန်ပဲ ထိုးပေးသွားမယ်လို့ကျွန်မတို့ကိုပြောပါတယ်။ ဘက်ဂျက်ဘယ်လောက်ခထောက်ပံ့မလဲဆိုတာလည်း နောက်အပတ်လောက်သိရမယ်ပြောပါတယ်”ဟု ဆက်ပြောသည်။

    ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့ နယ်များ စုပေါင်းကာ ကျင်း ပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

    ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့ နယ်ဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ်တို့တွင် အလှည့်ကျကျင်းပလာခဲ့ရာ ၇၁ ကြိမ်မြောက်တုန်းက ကရင်ပြည်နယ် ဘားအံမြို့ နယ်ရှိ ဇာသ ပြင်ကျေးရွာတွင်လည်းကောင်း၊ ၇၂ ကြိမ်မြောက်တုန်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တို့တွင် ကျင်းပလာခဲ့ သည်။

    မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသား နေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks