Thursday, March 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်က ပရဟိတ ဆရာဝန်ကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်

    မော်လမြိုင်က ပရဟိတ ဆရာဝန်ကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၇)

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ပရဟိတ ဆရာဝန် ဒေါက်တာ ချမ်းမြေ့အောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ် ဝယ်ယူခဲ့သည့်ဆိုသော စွပ်စွဲချက်ဖြင့် ဒေါက်တာချမ်းမြေ့အောင်ကို ဖမ်းဆီးခဲ့သည်ဆိုသော်လည်း မည်သည့်သက်သေအထောက်အထား မတွေ့သည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် နစက ကို ဝေဖန်သော စာသားများကို ပြန်လည် ဝေမျှသည်ဟုသော စွပ်စွဲချက်ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစု နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    လက်ရှိတွင် မော်လမြိုင်မြို့မ ရဲစခန်းတွင် ဖမ်းစီးထားပြီး ဒီဇင်ဘာ ၂၃ရက်တွင် ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်မည်ဟု သိရကြောင်း ဆက်ပြောသည်။

    ‌ဒေါက်တာချမ်းမြေ့အောင်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက် ညပိုင်းအချိန့်က မော်လမြိုင်ငွေမိုးဆေးရုံတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာချမ်းမြေ့အောင်သည် ကိုဗစ်ကာလအတွင်း မော်လမြိုင်မြို့နယ်သာမက မြို့နယ်အသီးသီးသို့ သွားရောက်ကာ ဆေးကုသမှုပေးခဲ့သူ ဖြစ်ပြီး မော်လမြိုင်မြို့ သာသနာနွယ် ဖောင်ဒေးရှင်း ဇီဝိတဒါန ဆေးခန်းတွင် အခမဲ့ ဆေးကုသမှု ပေးနေသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks