spot_img
Wednesday, January 7, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်သူများခိုလုံရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ဖို့ KNU တပ်မဟာ ၆ ဥက္ကဋ္ဌ မေတ္တာရပ်ခံ

    ပြည်သူများခိုလုံရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ဖို့ KNU တပ်မဟာ ၆ ဥက္ကဋ္ဌ မေတ္တာရပ်ခံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၇)

    ပြည်သူလူထုများ၏ ခိုလုံရာ နေထိုင်ရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းမှ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေကော်မြို့သစ်တွင် တပ်မတော်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    “လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားအားလုံးတို့အား မေတ္တာရပ်ခံလိုသည်မှာ ပြည်သူလူထုကို အကျိုးပြုသော ကာကွယ်စောင့်ရှောက်သောသောသူများပီသစွာ လက်နက်မဲ့ ပြည်သူများအပေါ် စာနာသနား၊ ငှဲ့ညှာသောအားဖြင့် ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထုများ၏ ခိုလုံရာ နေထိုင်ရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုသည်” ဟု ပဒိုစောရွှေမောင်းက ထုတ်ပြန်ခဲ့သည်။

    ထို့အပြင် စစ်ပွဲလိုလားသူ ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာလိုကြသူများ၏ ပြဿနာရှင်းလင်းခြင်းကြောင့် လေးကေ့ကော်မြို့သစ်မှာ အကျည်းတန်အရုပ်ဆိုးသည့် အခြေအနေသို့ ဝမ်းနည်းဖွယ်မြင်တွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ငြိမ်းချမ်းစွာ နေထိုင်လိုကြသည့် စစ်ရှောင်ပြည်သူများ စစ်ဒဏ်သင့်ပြည်သူများ နားခို၊ ခိုလုံရာအဖြစ် ဦးသိန်းစိန်အစိုးရနှင့် KNU တို့မှ ဂျပန်ပြည်သူများ၏ အကူအညီအထောက်အပံ့ဖြစ် တည်ဆောက်ထားခဲ့သည့် မြို့လေးဖြစ်ကြောင်း ဖော်ပြထားသည်။

    လေးကေ့ကော်မြို့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၇)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ (၈) ဦး သေဆုံးကြောင်း ဒူးမလာယာခရိုင်မှ ယနေ့ (ဒီဇင်ဘာ ၁၇)တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ယင်းတိုက်ပွဲများကြောင့် လေးကေ့ကော်မြို့နေ ပြည်သူလူထု (၃၀၀၀) ကျော်ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts