Friday, March 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးKNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ဖေဖော်ဝါရီလတွင် ကျင်းပရန်လျာထား

    KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ဖေဖော်ဝါရီလတွင် ကျင်းပရန်လျာထား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၄)

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန် လျာထားကြောင်း KNU တပ်မဟာ (၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ပြောသည်။

    “ဖေဖော်ဝါရီ ပထမအပတ်လျာထားတယ် အဲတာမျိုးပါ။ လျာထားချက် ရက်အတိအကျတော့ မသိရသေးဘူးနော်” ဟု ပြောသည်။

    အဆိုပါ ကွန်ဂရက်တွင် NCA နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း၊ ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်ခြင်း၊ KNU ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

    သို့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ်တွင် သဘောထားကွဲလွဲမှုများကို အခြေခံပြီး ဆွေးနွေးနိုင်ကြောင်း၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

    “အခြေခံကတော့ လူပုဂ္ဂိုလ်ကို ရွေးမှာ မဟုတ်ဘူး။ ခုနပြောတဲ့ မတူတဲ့ ကွဲလွဲတဲ့ သဘောထားနှစ်ခုကို အဲအပေါ်မှာ ဆွေးနွေးပြီးတဲ့ အခါကြတော့ မူလလမ်းကြောင်းအတိုင်း NCA လမ်းကြောင်းအတိုင်း သွားမယ်၊ NUG CRPH နဲ့ မပေါင်းဘူးဆိုတဲ့ဘက်ရှိသလို၊ NUG CRPH နဲ့ ပေါင်းမယ်။ NCA လမ်းကြောင်းကို စွန့်ခွာမယ်ဆိုတဲ့ နှစ်ဖက်ကို သဘောတရားရေးရာအမြင်အရ အဲဟာ အငြင်းအခုံဖြစ်မှာ အဓိက အဲပေါ်မှာ ဦးဆောင်တဲ့ ကိုယ်စားပြုတဲ့သူက ခုပြောသလိုပေါ့ လက်ရှိလမ်းကြောင်းကို ကိုယ်စားပြုတဲ့သူဟာ ဗဟိုက ဥက္ကဋ္ဌ စောမူတူးစေးဖိုးဖြစ်မှာပေါ့ဗျာ။ ဆိုတော့ အဲအပေါ်မှာ တည်ပြီးတော့ ထောက်ခံတဲ့သူ ဘယ်ဘက်က ထောက်ခံတဲ့သူများသလဲဆိုတာ အပေါ်မှာ ဥက္ကဋ္ဌ အပြောင်းအလဲဖြစ်မှာပေါ့” ဟု ပြောသည်။

    အကယ်၍ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ လမ်းကြောင်းကို ထောက်ခံပြီး ၎င်းက ဆက်လက်ဥက္ကဋ္ဌ ဖြစ်နေပါက KNU အနေဖြင့် NCA အတိုင်း ဆက်လက်သွားနိုင်ကြောင်း ဦးရဲထွန်းက ပြောသည်။

    KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့တွင် အင်အားအကြီးမားဆုံး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks