spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရသေဆုံး

    ဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၆)

    ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ်၊ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးအား ယနေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်ပိုင်းတွင် နေအိမ်တွင်ရှိနေစဥ် အမည်မသိ သေနတ်သေနတ်သမားများ လာရောက်ပစ်သတ်သဖြင့် လုပ်ကြံခံရပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ဘုရားသုံးဆူမြို့ ရဲစခန်းမှ ရဲမှူး ဦးအောင်သူက “သူ့အိမ်ရှေ့မှာ အပစ်ခံရတယ်လို့ကြားတယ်ဗျ။ အခုကျွန်တော်တို့အဲ့ဒီကို စစ်ဆေးဖို့သွားနေပါတယ်”ဟု အတည်ပြုပြောကြားသည်။

    ၄င်း၏နေအိမ်ရှေ့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်ကယ်စီးလာသည့် အမည်မသိလူ ၂ ဦး သေနတ်ဖြင့် ၃ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့ရာ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် ဦးခေါင်းထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

    ယင်းသို့ လုပ်ကြံခံရအပြီး ချောင်းဆုံကျေးရွာသို့ စစ်တပ်နှင့် ရဲများရောက်ရှိလာကာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အလားတူ ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကိုလည်းမေလ ၁၉ ရက်နေ့က အမည်မသိလူ ၂ ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်သတ်လုပ်ကြံခဲ့သဖြင့် သေဆုံးခဲ့သည်။


    ထို့ပြင် ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခိုင်ဝင်းကိုလည်း ဇူလိုင် ၁၈ ရက် နံနက်အချိန် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ၄င်းရောက်ရှိနေစဥ်တွင် ဆိုင်ကယ်စီးအမည်မသိလူ ၂ ဦး ရုတ်တရုက်ရောက်ရှိလာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်သဖြင့် နေရာတွင်ပင် ပွဲချင်းပွဲသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ပေါ်နှင့် အနီတဝိုက်ရွာများတွင် စစ်အစိုးရထောက်ခံသူများနှင့် ဒလန်များဟု ယူဆသူများ ၆ ဦးထက်မနည်း လက်သည်မပေါ်ပစ်သတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts