Sunday, March 8, 2026
More
    spot_img
    Homeသတင်းရေးမြို့ဓမ္မပီယကျောင်း ဘုရားစိန်ဖူးတော်ခိုးယူခံရပြီး ထီးတော်ပါပြိုကျ

    ရေးမြို့ဓမ္မပီယကျောင်း ဘုရားစိန်ဖူးတော်ခိုးယူခံရပြီး ထီးတော်ပါပြိုကျ

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၃)

    ရေးမြို့၊ သိရီခေမာရပ်ကွက် ဓမ္မပီယကျောင်းတွင် တည်ထားကိုးကွယ်သော ဘုရားစေတီတစ်ဆူ၏ စိန်ဖူးတော် ခိုးယူခံရပြီး ဘုရားထီးတော်ပါ ပြိုကျပျက်စီးသွားကြောင်း သတင်းရရှိသည်။

    အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းအချိန်တွင် ဘုရားစိန်ဖူးတော်အား ကြိုးနှင့်ဆွဲချခိုးယူခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယူဆပြောဆိုသည်။

    “အဲဒီဘုရား စိန်ဖူးတော်အလှူရှင်က ရန်ကုန်ကပါ။ သူခိုးတွေကိုတော့မမိဘူး။ ဖြစ်တဲ့အချိန်ကလည်း ညမထွက်ရအချိန်ဖြစ်နေတော့လေ။ အခုထိတော့ပြန်မပြင်ရသေးဘူး” ဟု ၄င်းက ဆိုသည်။

    ဖန်ဖြင့်ပြုလုပ်ထားသည့် စိန်ဖူးတော်အတုဖြစ်သောကြောင့် သူခိုးများ မယူဆောင်သွားကြောင်း ဘုရားဒါယကာများမှ သိရသည်။

    ” သူတို့က စိန်ဖူးတော်ကိုခိုးဖို့လုပ်တာပါ။ ဘုရားကလည်း နိမ့်တဲ့အထဲပါတယ်။ အဲဒီတော့ကြိုးနဲ့ဆွဲချတာပေါ့။ နည်းနည်းဟောင်းနွမ်းနေတော့ ကြိုးကျတာပေါ့။ စိန်ဖူးတော်က ဖန်နဲ့လုပ်ထားတဲ့အတုဆိုတော့ ယူမသွားဘူး။ ထားခဲ့တယ်။ ” ဟု ဘုရားဂေါပကတစ်ဦးက ဆိုသည်။

    ရေးမြို့နယ်အတွင်း ဘုရား စေတီ အနည်းဆုံး ၅ ဆူခန့်  ဘုရားစိန်ဖူးတော် ခိုးခံခဲ့ရဖူးပြီး ယနေ့အထိ ဘုရားစိန်ဖူးကို ပြန်လည်မကပ်လှူနိုင်သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks