spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထားဝယ်နှင့် မြိတ်မြို့ပေါ်ရှိ NLD ပါတီရုံး ၂ ရုံး ဗုံးဖောက်ခွဲခံရ

    ထားဝယ်နှင့် မြိတ်မြို့ပေါ်ရှိ NLD ပါတီရုံး ၂ ရုံး ဗုံးဖောက်ခွဲခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ အောက်တိုဘာ ၂၁)

    တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် မြိတ်မြို့ပေါ်ရှိ NLD ပါတီတိုင်းရုံးနှင့် ခရိုင်/မြို့နယ်ရုံးအပါအဝင် ရုံး ၂ ရုံး တစ်ရက်စီခြား၍ ဗုံးဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

    ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းရုံးချုပ်အဆောက်အအုံတစ်ခုလုံး အောက်တိုဘာ ၂၁ ရက် နံနက် ၂ ခွဲခန့်တွင် ဗုံးဖောက်ခွဲခံရသည်ဟု သတင်းရရှိသည်။

    ဗုံးပေါက်ကွဲမှုကြောင့် NLD ပါတီရုံး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့ပြီး အနီးအနားရှိနေသူများ သွားရောက်မကြည့်ရဲကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

    ၄င်းက “ပေါက်ကွဲတဲ့အသံကျယ်ကြီးနဲ့ မြေကြီးတုန်သွားတာပဲ ဘယ်သူမှ သွားမကြည့်ရဲဘူး၊ အနီးအနားအိမ်တွေက ကြောက်လန့်နေတုန်းပဲ” ဟု ဆိုသည်။

    ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိသော်လည်း အနီးအနားရှိ နေအိမ်တချို့ အစအနများထိမှန်၍ ပျက်စီးမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

    အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက် နံနက်စောစောပိုင်းမှာလည်း မြိတ်မြို့၊ ရေပုံးရပ်ကွက်၊ ရေကမ္ဘာလမ်းထောင့် တိုင်းရင်းဆေးရုံရှေ့ရှိ NLD ပါတီခရိုင်နှင့် မြို့နယ်ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးနံရံနှင့် မှန်အချို့ ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

    အဆိုပါ NLD ခရိုင်နှင့် မြို့နယ်ရုံးပါတီအလံကို ဖြုတ်ချ၍ ပါတီဆိုင်းဘုတ်ကိုလည်း ဆေးအမဲသုတ်ခဲ့ပြီး မိုင်းဖောက်ခွဲမှုကြောင့် ရုံးမျက်နှာစာ တံခါးမှန်များနှင့် အဆောက်အအုံတစ်ခုလုံးနီးပါးပျက်စီးခဲ့ပြီး ရုံးပိုင်ပစ္စည်းများအားလုံး ဖျက်ဆီးခံရကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ဆိုသည်။

    တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မြို့အပါအဝင် မြို့နယ်အချို့တွင် အမေရိကန်နိုင်ငံသားအားလုံး ထွက်ခွာကြရန် အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်သံရုံးမှ သတိပေးထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks