spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသီတင်းကျွတ်နှင့် တန်ဆောင်တိုင် ကာလအတွင်း ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းကို ထိရောက်စွာ အရေးယူမည်

    သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ကာလအတွင်း ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းကို ထိရောက်စွာ အရေးယူမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၄)

    မွန်ပြည်နယ်တွင်သီတင်းကျွတ်နှင့်တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချလျှင် တည်ဆဲဥပ​​ဖြင့် ထိရောက်စွာအ​ရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ရန် အမိန့်ထုတ်ထားပြီး တွေ့ရှိပါက ရာဇသတ်ကြထီးဥပဒေပုဒ်မ ၁၈၈ ဖြင့် ထိရောက်စွာအရေးယူမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    “ဖမ်းဖို့လိုလာရင် ကျွန်တော်တို့က ဖမ်းပေးရပါမယ်။ ဒီစာက နှစ်တိုင်းထုတ်တာပါပဲ။ အမိန့်တွေကြေငြာစာတွေက အုပ်ချုပ်ရေးပိုင်းတွေက လုပ်ပါလိမ့်မယ်။” ဟု ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောသည်။

    နိုင်ငံအနှံ့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် ယခုနှစ်တွင် ဗြောက်အိုးမဖောက်ရန်တားမြစ်ချက်ကို ပိုမိုအလေးပေးထားပြီး အရေးယူမှု များနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ယူဆထားသည်။

    သို့ရာတွင် မုဒုံမြို့ခံတစ်ဦးက “အခုထိ ဘာဗြောက်ဖောက်သံမှ မကြားသေးဘူး။ အရင်နှစ်တွေက ဒီအချိန်ဆို ရောင်းကြ၊ ဖောက်ကြနဲ့ ဆူညံနေပြီ။ အခုတော့ ရောင်းတာလည်းမတွေ့သေးဘူး” ဟု ဆိုသည်။

    ထို့ပြင် အမိန့်မလိုက်နာသူများကို ရာဇသတ်ကြီးပုဒ်မ ၁၈၈နှင့်အရေးယူမည်ဖြစ်ကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈သည် ​

    ရာဇသတ်ကြီးပုဒ်မ-၁၈၈အရ ပြည်သူ့ဝန်ထမ်းကထုတ်ပြန်သည့် အများပြည်သူနှင့်သက်ဆိုင်သောအမိန့်ကို ဖီဆန်လျင် တစ်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဖီဆန်ခြင်းသည် လူ့အသက်ကိုသော်လည်းကောင်း ကျန်းမာရေးကိုသော်လည်းကောင်း လုံခြုံရေးကိုသော်လည်းကောင်း ဘေးဖြစ်စေသော် သို့မဟုတ် ဘေးဖြစ်စေတတ်သော် ခြောက်လထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ကျပ်တစ်သိန်းထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts