Tuesday, March 31, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့မှ ရှေးဟောင်းအဆောက်အဦးပြုပြင်ရေးလုပ်ငန်း ရပ်ဆိုင်းထားရ

    မော်လမြိုင်မြို့မှ ရှေးဟောင်းအဆောက်အဦးပြုပြင်ရေးလုပ်ငန်း ရပ်ဆိုင်းထားရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၃)

    မော်လမြိုင်မြို့မှ ရှေးဟောင်းအဆောက်အဦးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံခြားချေးငွေ ထောက်ပံ့မှု မရရှိသောကြောင့် ရပ်နားထားရကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

    မော်လမြိုင်မြို့ အစိုးရအဖွဲ့ရုံး၏ နာရီစင်နှင့် တောင်ရိုးတန်း ကျိုက်သလ္လံဘုရားအနီးရှိ စိန်တုံးမိဖုရားကျောင်းတို့ကို ပြုပြင်ထိန်းသိမ်းရန် ယခင်အစိုးရလက်ထက်တွင် စီစဥ်ခဲ့ခြင်းဖြစ်သည်။

    ” ဒါတွေပြုပြင်ဖို့ နိုင်ငံခြားချေးငွေထောက်ပံ့မှုကိုအဓိက သုံးရမှာပါ။ စိန်တုံးမိဖုရားကျောင်းက အစိုးရလက်အောက်မှာ မရှိဘူး။ ဘုန်းကြိးက တိုက်ရိုက်ကိုင်တွယ်တာ။ အခု သာသနာရေးဦးစီးဌာနနဲ့ ဘုန်းကြီးနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျောင်းဆောင်အမိုးတွေပျက်ဆီးနေတာကို အခု လိုအပ်တဲ့ တိုင်းတာမှုတွေ လုပ်ဆောင်နေပါပြီ” ဟု မြို့နယ် စည်ပင်သာယာမှ တာဝန်ရှိသူ ဦးတင်ကိုကိုက ပြောသည်။

    ယခင်အစိုးရလက်ထက်တွင် စိန်တုံးဖိဘုရား ကျောင်းဆောင်ကို နိုင်ငံခြားချေးငွေ ထောက်ပံ့မှုဖြင့် ပြုပြင်ရန် ကျောင်းထိုင်ဘုန်းကြီးနှင့် တိုင်ပင်နေစဥ် အာဏာသိမ်းမှုဖြစ်လာသောကြောင့် အစီအစဥ် ရပ်တန့်ခဲ့ရပြီး နိုင်ငံခြားချေးငွေထောက်ပံ့မှု ရပ်ဆိုင်းသွားသဖြင့် ရှေးဟောင်းအဆောက်အဦးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလည်း ရပ်ဆိုင်းထားရကြောင်း ၄င်းကဆိုသည်။

    ထို့ပြင် နှစ်တစ်ရာသက်တမ်းရှိ မွန်ပြည်နယ် အစိုးရရုံး နာရီစင် ပြင်ဆင်ရေးစီမံချက် အကောင်အထည်ဖော်ရန် လုံးဝရပ်ဆိုင်းထားရသည်။

    ရှေးဟောင်းလက်ရာတွေကို အလှူငွေများဖြင် လက်ရှိကျောင်းထိုင်ဆရာတော်တွေက ဆေးသုတ်ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဝဇီရာ ရာမ ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်းထားခဲ့​သောရတနာဘုံမြင့် ခေါ် စိန်တုံးမိဖုရားကျောင်းတော်သည် သက်တမ်း ၁၂၀ ကျော်ရှိပြီး ပြုပြင်ထိန်းသိမ်းရန်လိုအပ်လာခြင်းဖြစ်သည်။

    ဝီကီပီးဒီယား အခမဲ့လွတ်လပ်စွယ်စုံကျမ်းဖောပြချက်အရ စိန်တုံးမိဖုရားသည် မင်းတုန်းမင်း၏ မိဖုရား ၆၄ ပါးတွင် “သီရိပုဗ္ဗာရတနာဒေဝီ”ဘွဲခံ မိဖုရားတစ်ပါးဖြစ်ပြီး ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံခဲ့ရသည်။ ယင်းနောက်တွင် စိန်တုန်းမိဖုရားသည် စုဖုရားလတ်၏ မယ်တော် ဆင်ဖြူမရှင်၏ အန္တရာယ်ကို ရှောင်တိမ်းသည့်သဘောဖြင့် ဗြိတိသျှပိုင်အောက်ပြည်ကို စုန်ဆင်းကာ မော်လမြိုင်မြို့ သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။

    စိန်တုံးမိဖုရားသည် ဗြိတိသျှအစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။ ဘဝနေဝင်ချိန်တွင် သီလရှင်အဖြစ် ကူးပြောင်းခဲ့ပြီး ခရစ်နှစ် ၁၉၀၅၊ မတ်လတွင် ​မော်လမြိုင်၌ ကံကုန်တော်မူခဲ့သည်။ သူနေထိုင်ရာ သီလရှင်ကျောင်းတွင် ရုပ်ကလာပ်ကို ဂူသွင်း သင်္ဂြိုဟ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks