spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းရာခိုင်နှုန်းယူငွေထုတ်အေးဂျင့်များကို အရေးယူမည်ဖြစ်၍ အချက်အလက်ဖြင့်တိုင်ကြားရန် Wave Money ပြော

    ရာခိုင်နှုန်းယူငွေထုတ်အေးဂျင့်များကို အရေးယူမည်ဖြစ်၍ အချက်အလက်ဖြင့်တိုင်ကြားရန် Wave Money ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၈)

    ငွေလာထုတ်သူများထံမှ ရာခိုင်နှုန်းကောက်ခံနေသည့် အေးဂျင့်များကို အရေးယူမည်ဖြစ်၍ နစ်နာသူများအနေဖြင့် အချက်အလက်ခိုင်မာစွာတင်ပြပြီး တိုင်ကြားနိုင်ကြောင်း Wave Money ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “​ငွေပိုကောက်တာတွေကို အချက်အလက်မှန်ကန်စွာနဲ့ လာရောက်တိုင်ကြားနိုင်ပါတယ်။ အဲဒီလိုတိုင်ကြားလာရင် Wave Money ဘက်ကနေ ပြန်လည်ဖြေရှင်းပေးသွားမှာပါ။ အခုကြုံတွေ့နေရတဲ့ ဘဏ်နဲ့ ငွေကြေးစီးဆင်းမှုအဟန့်အတားတွေကြားမှာ ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။” ဟု Wave Money တာဝန်ရှိသူက ဆိုသည်။

    သို့ရာတွင် Wave Money အနေဖြင့် ဝန်ဆောင်ခပိုမိုကောက်ခံမှုမပြုဖို့ ညွှန်ကြားထားသည်ဆိုပေလည်း ငွေလဲလှယ်မှုစျေးကွက်အတွြင်း ငွေတစ်သိန်းကို ၇ ရာခိုင်နှုန်းအထိ ငွေထုတ်ယူရာတွင် Wave Money ဆိုင်များကို ပေးဆောင်နေရကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

    “သူတို့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့သွားထုတ်ရင် ငွေတစ်သိန်းကို ၇ ထောင်ပြန်ပေးရတယ်။ ငွေသားနဲ့ပေးရတာပါ။ အကောင့်ထဲကငွေနဲ့ ပေးလို့မရဘူး”ဟု ၄င်းကဆိုသည်။

    စျေးကွက်နှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများတွင်ရှိသည့် အဟန့်အတားအချို့က ငွေကြေးစီးဆင်းမှုအပေါ် သက်ရောက်မှု ရှိနေကြောင်း Wave Money ဘက်မှ ပြန်လည်ဖြေကြားသည်။

    နိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များမှငွေထုတ်ယူခြင်းကို ကန့်သတ်ခဲ့ပြီးနောက် တခြားသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများဖြစ်သည့် Wave Money နှင့် KBZ Pay များကိုပါ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။

    ဖေဖော်ဝါရီလဆန်းပိုင်း စစ်တပ်အာဏာသိမ်းစတွင် မိုဘိုင်းငွေလွှဲ ကုမ္ပဏီများမှတဆင့် ငွေထုတ်နိုင်မှု ရပ်တန့်ခဲ့ပြီး မတ်လတွင် ​အေးဂျင့်အချို့က ရာခိုင်နှုန်းများဖြင့် ငွေများကိုပြန်လည် ထုတ်ပေးလာခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks