spot_img
Monday, February 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးKNU ၏ မူဝါဒနှင့် ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ရန် PDF ကို တပ်မဟာ ၆ ဥက္ကဌအသိပေး

    KNU ၏ မူဝါဒနှင့် ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ရန် PDF ကို တပ်မဟာ ၆ ဥက္ကဌအသိပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၄)

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လှုပ်ရှားဒေသအတွင်း KNU ၏ မူဝါဒသဘောထားရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အနေဖြင့် ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာ လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး မလုပ်ဆောင်ရန် တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ယနေ့ (အောက်တိုဘာ ၄ ရက်)တွင် အသိပေးစာတစ်စောင် ရေးသားပေးပို့လိုက်သည်။

    ပြည်သူ့ကာကွယ်ရေးတပ် (PDF)  တာဝန်ခံနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သို့ လိပ်မူထားသောစာဖော်ပြချက်အရ အကြမ်းဖက်ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူဆုံးရုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး မိမိတို့ အနေဖြင့် KNU ဒေသတွင်း၌ မည်သည့်အဖွဲ့အစည်းမှ KNU ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ရန် အသိပေး အကြောင်းကြား အပ်ပါသည်ဟု ဆိုသည်။

    ပဒိုစောရွှေမောင်းက “ပြောင်ပြောင်တင်းတင်းဆိုလို့ ငါ့အိပ်ယာဘေးမှာပဲ ဗုံးလာခွဲတယ်ဆိုတော့ ပြောင်သေးသလားကွယ်။ ငါအိပ်တဲ့နေရာဘေးမှာ ဗုံးဖောက်တယ် ဆိုကတည်းကိုက ဒို့ကို မထီမဲ့မြင် ဘာမှ အရေးမစိုက်၊ ဂရုမစိုက်တဲ့ သဘောဖြစ်သွားပြီ”ဟု ပြောသည်။

    ထို့ပြင် KNU တပ်မဟာ ၆ နယ်မြေအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)အဖွဲ့ဝင်များ ရှိ၊ မရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF)မှ ဝင်ရောက် စစ်ဆေးမည်ဖြစ်သောကြောင့် လက်ခံမထားရန် ပဒိုစောရွှေမောင်းက ပြီးခဲ့သည့် ဩဂုတ်လ ၂၄ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်းနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားခဲ့သည်။

    စစ်တပ်အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များကို KNU အနေဖြင့် ဖိတ်ခေါ်ထားခြင်း မဟုတ်ဘဲ လူအခွင့်အရေးအရ ကူညီထားခြင်း ဖြစ်ကြောင်း KNU မှ ဗဟိုအလုပ်မှုဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းက  စက်တင်ဘာ ၅ ရက်တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks