Tuesday, March 10, 2026
More
    spot_img
    Homeသတင်းငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

    ငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၃၀)

    မြန်မာငွေ​ကျပ်တန်ဖိုးကျဆင်းပြီး စျေးအတက်အကျမြန်နေတာကြောင့် ဒေါ်လာ၊ ဘတ် စသည့် နိုင်ငံခြားငွေလဲလှယ်ပေးသည့်လုပ်ငန်းများ အရှုံးပေါ်နေကြောင်း မွန်​ပြည်နယ်ရှိ ဘတ်ငွေလဲလှယ်ပေးသူများထံမှ စုံစမ်းသိရှိရသည်။

    ငွေလဲလှယ်ပေးသူများအနေဖြင့် ​ဝယ်ယူထားသည့်ငွေများကို အချိန်မှီပြန်မရောင်းနိုင်ဘဲ အရှုံးပေါ်နေတာဖြစ်ကြောင်း မွန်​ပြည်နယ်မှပွဲစားတစ်ဦးက ဆိုသည်။

    “ငွေလာလဲရင် ကျနော်တို့ဘဏ်အကောင့်ထဲ  အသင့်မရှိရင် ငွေပြန်လဲဖို့က ကြာရော။ ပြီးတော့အခုရက်ပိုင်းထဲ မြန်မာငွေကိုင်ထားတဲ့သူတွေကလည်း ဘတ်မဝယ်ရဲဘူး။ စျေးကတအားတက်နေတာလေ။ ဘတ်ကိုင်ထားတဲ့သူကလည်း မြန်မာငွေ မလဲရဲဘူး” ဟု ဘတ်ငွေနှင့်မြန်မာငွေလဲလှယ်ပေးသူ ပွဲစားတစ်ဦးက ဆိုသည်။

    ငွေစျေးတက်လာသောကြောင့် မီးဖိုချောင်သုံးပစ္စည်းများလည်း စျေးတက်လာကြောင်း မုဒုံမြို့နယ်မှ အိမ်ရှင်မှတစ်ဦးက ဆိုသည်။

    ” မီးဖိုချောင်သုံးပစ္စည်းတွေစျေးတက်တယ်။ ဆီဆို စျေး ထောင်ကျော်ကွာတယ်။အရင်အပတ်က ထိုင်းဆီထုပ် တစ်ထုပ်ကို ၂၈၀၀ ပဲပေးရပြီး အခု ၃၁၀၀တောင် ဖြစ်သွားပြီ”ဟု ၎င်းက ဆိုသည်။

    စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ  ၆၅ ကျပ်ပေးလဲလှယ်နေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks