spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

    ငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၃၀)

    မြန်မာငွေ​ကျပ်တန်ဖိုးကျဆင်းပြီး စျေးအတက်အကျမြန်နေတာကြောင့် ဒေါ်လာ၊ ဘတ် စသည့် နိုင်ငံခြားငွေလဲလှယ်ပေးသည့်လုပ်ငန်းများ အရှုံးပေါ်နေကြောင်း မွန်​ပြည်နယ်ရှိ ဘတ်ငွေလဲလှယ်ပေးသူများထံမှ စုံစမ်းသိရှိရသည်။

    ငွေလဲလှယ်ပေးသူများအနေဖြင့် ​ဝယ်ယူထားသည့်ငွေများကို အချိန်မှီပြန်မရောင်းနိုင်ဘဲ အရှုံးပေါ်နေတာဖြစ်ကြောင်း မွန်​ပြည်နယ်မှပွဲစားတစ်ဦးက ဆိုသည်။

    “ငွေလာလဲရင် ကျနော်တို့ဘဏ်အကောင့်ထဲ  အသင့်မရှိရင် ငွေပြန်လဲဖို့က ကြာရော။ ပြီးတော့အခုရက်ပိုင်းထဲ မြန်မာငွေကိုင်ထားတဲ့သူတွေကလည်း ဘတ်မဝယ်ရဲဘူး။ စျေးကတအားတက်နေတာလေ။ ဘတ်ကိုင်ထားတဲ့သူကလည်း မြန်မာငွေ မလဲရဲဘူး” ဟု ဘတ်ငွေနှင့်မြန်မာငွေလဲလှယ်ပေးသူ ပွဲစားတစ်ဦးက ဆိုသည်။

    ငွေစျေးတက်လာသောကြောင့် မီးဖိုချောင်သုံးပစ္စည်းများလည်း စျေးတက်လာကြောင်း မုဒုံမြို့နယ်မှ အိမ်ရှင်မှတစ်ဦးက ဆိုသည်။

    ” မီးဖိုချောင်သုံးပစ္စည်းတွေစျေးတက်တယ်။ ဆီဆို စျေး ထောင်ကျော်ကွာတယ်။အရင်အပတ်က ထိုင်းဆီထုပ် တစ်ထုပ်ကို ၂၈၀၀ ပဲပေးရပြီး အခု ၃၁၀၀တောင် ဖြစ်သွားပြီ”ဟု ၎င်းက ဆိုသည်။

    စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ  ၆၅ ကျပ်ပေးလဲလှယ်နေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts