spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် (၅)လကြာ အပစ်ရပ်ကြောင်း တပ်မတော်ထုတ်ပြန်

    ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် (၅)လကြာ အပစ်ရပ်ကြောင်း တပ်မတော်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၈)

    ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း တပ်မတော်က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

    ၎င်း ကြေညာချက်နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၏ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အပစ်အခတ်ရပ်စဲရေး ကြေညာသည့်အခါ ချွင်းချက်မထားပဲ ကြေညာရန် လိုအပ်ကြောင်း ပြောသည်။

    “အပစ်အခတ်ရပ်စဲလိုက်ကြောင်း ကြေညာတာကို ကျနော်တို့ကတော့ ဒါကို ကြိုဆိုပါတယ်။ သို့သော်လည်းပဲ ဒီအပစ်အခတ်ရပ်စဲရေးကို ကြေညာကြတဲ့အခါမှာ ချွင်းချက်မထားပဲနဲ့ ဆောင်ရွက်မှပဲ အောင်မြင်မှာ ဖြစ်ပါတယ်။ ပိုပြီးတော့လည်း အဓိပ္ပာယ်ပြည့်ဝမှာ ဖြစ်ပါတယ်။ ဒါတွေ အပစ်အခတ်ရပ်စဲရေးတွေ ကြေညာကြတဲ့အခါမှာ တစ်ပြည်လုံးကို ချွင်းချက် မရှိပဲနဲ့ ကြေညာနိုင်ရင် ကောင်းပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

    လက်ရှိ တိုင်းပြည်တွင် ရှိနေသည့် ပြဿနာများကို ပြေလည်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက KNU တပ်မဟာများတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများမှာ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီး  အပစ်အခတ် ရပ်စဲရေး ကြေညာထားသော်လည်း ဆန့်ကျင်ဘက်များ လုပ်နေသည့်အတွက် ထိုအပစ်အခတ်ရပ်စဲရေးကို အယုံအကြည်မရှိကြောင်း ၎င်းက ဆိုသည်။

    “ဖြစ်ရိုးဖြစ်စဉ်တွေလိုဖြစ်နေပြီ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါကြီးက သူတို့ခဏခဏလုပ်နေတဲ့ကိစ္စပဲ နောက်ပြီးတော့ဘာမှလည်း အဓိပ္ပါယ်မရှိပါဘူး၊ တကယ်တမ်းလက်တွေ့ကျတာ ကျနော်တို့က လုပ်ရပ်အပေါ်မှာကြည့်ရမှာ ပြည်ထောင်စုနေ့ပဲပြောပြော လွတ်လပ်ရေးနေ့ပဲပြောပြော ဘာနေ့ပဲပြောပြော တကယ်တမ်းကျတော့ ကျနော်တို့အပေါ် ဘယ်လို စိတ်ထားရှင်းလင်းလဲ လုပ်ရပ်တွေက ဘယ်လိုရှင်းလင်းလဲ အဲဒါတွေကို ကျနော်တို့ကြည့်တာ အခုပြောတဲ့ဟာ ဘယ်လိုမှကျနော်တို့လက်ခံလို့မရဘူး  လက်တွေ့လုပ်ပြတဲ့ဟာပဲ ကျနော်တို့ယုံရမှာ”

    တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ချက်လောက်နှင့် မရပဲ လက်တွေ့ လုပ်ဆောင်နိုင်မှသာ ယုံကြည်နိုင်မည်ဟု ၎င်းက ဆိုသည်။

    မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က “၂၀၀၈ အခြေခံဥပဒေအရဆိုရင် အဲဒီဟာကို သူက ပထမ ၁ နှစ် ပြီးရင် ၆ လ ၆လ သက်တမ်း ၂ ကြိမ်တိုးနိုင်ပြီးတော့ ၂ နှစ်အတွင်းမှာ အဲလိုတည်ငြိမ်အေးချမ်းအောင်လုပ်ပြီးတဲ့အခါကျတော့ ပြန်အပ်ရမယ်သမ္မတကို သူတို့ပြောပြောနေတဲ့အခြေခံဥပဒေအရ၊ အဲလိုဆိုတဲ့အခါကျတော့ ခုနပေးထားတဲ့တည်ငြိမ်ရေး ကိစ္စကိုပဲလုပ်ရမှာပေါ့၊ လက်တွေ့ဖြစ်လာတာကတော့ တိုင်းပြည်မငြိမ်းမချမ်းဖြစ်လာတာက အာဏာသိမ်း အဲလိုအာဏာထိန်းလိုက်လို့ဖြစ်လာတာပေါ့ဗျာ ဖေဖာ်ဝါရီ ၁ ရက်နောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့ အစောကတည်းက အဲဒီလိုအာဏာထိန်းတဲ့ကိစ္စမလုပ်ခဲ့ဘူးဆိုရင်တော့ ဒီဟာက ပေါ်လာစရာအကြောင်းမရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (၅)လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts