spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းလူမဲ့တန်ဆာပို့ဆောင်မှုကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ ပြည်နယ်အာဏာပိုင်အဖွဲ့ညွှန်ကြား

    လူမဲ့တန်ဆာပို့ဆောင်မှုကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ ပြည်နယ်အာဏာပိုင်အဖွဲ့ညွှန်ကြား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၈)

    မွန်ပြည်နယ်မှ ကားဂိတ်များတွင် လူမဲ့တန်ဆာပို့ဆောင်မှုကို မှတ်ပုံတင်မိတ္တူနှင့် အထောက်အထားခိုင်လုံမှသာ လက်ခံလုပ်ဆောင်ပေးရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ ၂၄ရက်နေ့က ညွှန်ကြားထားကြောင်း မိတ္တူစာအရ သိရှိရသည်။

    မော်လမြိုင်ကားဝင်းအတွင်းရှိ ကားဂိတ်များကို CCTVနှင့် မျက်နှာ စကန်ဖတ်စက်များကို အရေး​ကြီးသော အဝင်အထွက်များတွင် တပ်ဆင်ရန် ညွှန်ကြားချက်ပါရှိသော စာများ လိုက်လံပေးဆောင်ထားကြောင်း ကားဂိတ်တစ်ခုမှ စုံစမ်းသိရှိရသည်။

    ” အရင်ရက်ကလာပေးသွားတာ။ ကားအကြီးဂိတ်တွေပေးတာများတယ်။ တချို့ ကားအသေး ဂိတ်တွေကို ပေးတာမတွေ့ဘူး”ဟု မော်လမြိုင် ကားဝင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    တရားမဝင်ပစ္စည်းများ ပေးပို့မှုမရှိစေရန်အတွက် လူမဲ့တန်ဆာများလက်ခံရာတွင် ​ပေးပို့သူ၏မှတ်ပုံတင်မိတ္တူယူဆောင်ထားရန် ညွှန်ကြားထားသည်။

    တန်ဆာပစ္စည်းများ လက်ခံပေးပို့မှုစာရင်းကို နေ့စဥ် မှတ်တမ်းတင်ထားပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts