Homeငြိမ်းချမ်းရေးရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စစ်တပ်ဖမ်းဆီး

ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စစ်တပ်ဖမ်းဆီး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၆)

ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သောရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ညတွင် စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“CDM ဝန်ထမ်းတွေနဲ့ PDF ​တွေကိုထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်နိုင်တယ်”ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ယခင်ကလည်း ဦးနေထက်သိန်းနိုင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး PDFနှင့် NUG ကို ထောက်ပံ့မှုများ မပြုလုပ်ရန် သတိပေးထားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။


 လတ်တလောတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်  တရားစွဲခံနေရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စရိတ်အတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းရှင်များအနက်

ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က အများဆုံးထည့်ဝင်ပေးခဲ့သူဖြစ်ကြောင်း ယခင်သတင်းများက ဖော်ပြခဲ့သည်။  

ဦးနေထက်သိန်းနိုင်သည် ကျိုက်ထီးရိုးဒေသတဝိုက်တွင် ဟိုတယ်၊ စားသောက်ဆိုင်၊ မော်တော်ယာဉ်လိုင်းများအပါအဝင် လုပ်ငန်းများစွာ ပိုင်ဆိုင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ခေတ်အဆက်ဆက်က အစိုးရ တာဝန်ရှိသူများနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ တစ်ဦးဖြစ်သည်။

ကျိုက်ထိုမြို့နယ်၌ တရားမဝင်အသင်းများအား ထောက်ပံ့ပေးခဲ့သည့်သံသယရှိသူ  

စီးပွားရေးလုပ်ငန်းရှင် ၅ ဦးထက်မနည်းကို ယခုရက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

Photo-ကျိုက်ထီးရိုးက ရိုးရိုးလေးဟိုတယ်ကို တွေ့ရစဉ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts