spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့ချောင်းတောင်တံတားအနီး ဗုံးပေါက်ကွဲ

    ရေးမြို့ချောင်းတောင်တံတားအနီး ဗုံးပေါက်ကွဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၀)

    ရေးမြို့ ချောင်းတောင်တံတား ငွေကောက်ခံဂိတ်အနီး၌ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) မွန်းလွဲ ၃ နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရေးမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းနိုင်ထွန်းက အတည်ပြုပြောကြားသည်။

    “တံတားပေါ်မှာ ပေါက်တာမဟုတ်ဘူး။ ဂိတ်နားမှာကွဲတာ ၊ ထိခိုက်ဒဏ်ရာရတဲ့သူမရှိပါဘူး” ဟု ၎င်းက ပြောသည်။

    အဆိုပါ ဗုံးပေါက်ကွဲသည့်အချိန်တွင် ချောင်းတောင်တံတားပေါ်၌ လုံခြုံရေးတပ်ဖွဲ့များလည်းရှိနေပြီး အသံဗုံးတစ်လုံးကို ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဗုံးပေါက်ကွဲမှုကို ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ (YSTF) က ပြုလုပ်ခဲ့​ကြောင်း ၄င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

    ထို့အတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုနှင့် ရေးမြို့နယ်အရှေ့ခြမ်း ကျောက်မိချောင်း(တောင်ပိုင်း) ကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခုတို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ၄င်းတို့ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF Facebook ပေါ်တွင် ကြေညာထားသည်။

    -ချောင်းတောင်တံတားဂိတ်နေရာ (Google)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts