Friday, March 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမြန်မာပြည် ဆူပူသောင်းကျန်းမှု ဖြစ်ပေါ်လာမည့်အရေး အနောက်နိုင်ငံများစိုးရိမ်နေဟုဆို

    မြန်မာပြည် ဆူပူသောင်းကျန်းမှု ဖြစ်ပေါ်လာမည့်အရေး အနောက်နိုင်ငံများစိုးရိမ်နေဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၁)

    အနောက်နိုင်ငံများက မြန်မာပြည်တွင် ဆူပူသောင်းကျန်းမှု၊ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာမည့်အရေး စိုးရိမ်နေသည်ကို ဆေးနွေးမှုမှ ကြားသိခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်း ဘူဂါနာ Christine Schraner Burgener နှင့် ဆွေးနွေးခဲ့စဥ် ယင်းကဲသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

    “NUG အရေးပေါ်ကြေညာချက်ကိုတော့ အနောက်နိုင်ငံတွေက စိုးရိမ်တယ်လို့ ပြောတာ။ အနောက်နိုင်ငံက တိုင်းပြည်တွေကတော့ NUG ကို‌ ထောက်ခံတယ်တဲ့။ သို့သော်လည်း အဲကြေညာချက်ထွက်လာပြီးနောက်ပိုင်း နည်းနည်းစိုးရိမ်မှုတွေများတော့ နည်းနည်းပြန်စဉ်းစားကြတာပေါ့ဗျာ။ အဲတာပဲ ပြောကြတယ်။ နည်းနည်းတော့ စိတ်မကောင်းဖြစ်တာပေါ့။ ဗမာပြည်မှာ ဆူပူသောင်းကျန်းမှု၊ သွေးထွက်သံယိုတွေ ပိုများလာမှာကို ကြောက်တာပေ့ါ။ ဒါကြောင့် နည်းနည်းတော့ စိုးရိမ်မကင်းဖြစ်တယ်ဆိုတဲ့ အသံတွေ ထွက်လာပြီးတော့ NUG အပေါ်မှာ သူထောက်ခံအားပေးတဲ့ဟာကို ပြန်သုံးသပ်တဲ့သဘောရှိတယ်လို့တော့ ပြောသွားတာပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက လတ်တလော ဖြစ်ပေါ်နေသည့် အခြေ အနေနှင့် ပတ်သက်ပြီး တာဝန်ရှိသည့်အလျှောက် ပြည်သူများ၏ ဥစ္စာစည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန် နိုင်ငံတော်ကို အရေးပေါ် သတ်မှတ်ကြောင်း စက်တင်ဘာ ၇ ရက်က ကြေညာခဲ့သည်။

    ၎င်း ကြေညာချက်ကြောင့် NUG ကိုယ်၌က ပဋိပက္ခများ ကြီးထွားလာအောင် လုပ်နေသလို ဖြစ်နေပြီး အနောက်နိုင်ငံများက ပြန်သုံးသပ်မှုများလည်း ရှိနေသည်ဟု ဗိုလ်မှူး ခွန်ဥက္ကာက ဆိုသည်။

    ထို့အတူ လူသားချင်းစာနာမှုအကူအညီများ ချောချောမွေ့မွေ့ပေးအပ်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့များအားလုံး (၄) အကြာ အပစ်ခတ်ရပ်စဲကြရန် အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုချက်သည်လည်း အဆိုပါ NUG အရေးပေါ်ကြေညာချက်ကြောင့် အကူအညီများပေး၍ မရကြောင်း ၎င်းက ဆိုသည်။

    “အားလုံး အာဆီယံကိုဘဲ ပြောင်တိုက်တွန်းကြတာပဲ။ အဲလိုတိုင်းတွန်းတဲ့ ကြားကပဲ အာဆီယံက ၄ လ Ceasefire တောင်းတဲ့ နေရာမှာ တစ်ခါ ဒီအ‌ရေးပေါ်နဲ့ D day လုပ်လိုက်တော့ အာဆီယံခရီးစဉ်လည်း ပြဿနာပေါ်သွားတာပေါ့ဗျာ။ အကူအညီတွေလည်း ဘယ်လာတော့ မလဲ။ လူထုကလည်း ဘာမှရနိုင်မယ့် အခြေအနေမရှိဘဲ ဖြစ်သွားတာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    PPST အနေဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်မှာ သုံးကြိမ်ခန့် ရှိပြီဖြစ်ပြီး အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့်အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းတာကို လက်မခံကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုခဲ့ပြီး ဗြိတိန်အစိုးရကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်း ဘူဂါနာ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks