spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများလစာမရ

    တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများလစာမရ

    -

    မွန်သတင်းအေဂျင်စီ (၁ စက်တင်ဘာ ၂၀၂၁)

    အခြေခံပညာကျောင်းများရှိ တိုင်းရင်းသားဘာသာသင် နေ့စားလပေးဆရာ၊ ဆရာမ(TA)များ  ဇူလိုင်လနှင့် သြဂုတ်လအတွက် လစာမရတော့ကြောင်း သိရသည်။

    ပြီးခဲ့သည့်ပညာသင်နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားနေစဉ် အစိုးရစာသင်ကျောင်းများ ယာယီပိတ်ထားသော်လည်း တိုင်းရင်းဘာသာသင်ဆရာ၊ဆရာမများ လစာပုံမှန်ရရှိခဲ့ကြာင်း၊ ကျောင်းပြန်လည်ဖွင့်လှစ်သည့် ဇွန်လတွင် ပုံမှန်လစာရရှိခဲ့သော်လည်း တကြော့ပြန်ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းပြန်လည်ပိတ်ထားသည့်လက်ရှိအချိန်ထိ လစာမရခြင်းဖြစ်ကြောင်း မွန်တိုင်းရင်းသားဘာသာသင် ဆရာမတစ်ဦးက ပြောသည်။

    “ လစာမရနေတာ ၂ လ ရှိနေပြီ၊ ရုံးက ကျွန်မတို့ကိုဘာမှမပြောဘူး၊ အခြားမြို့နယ် ပြည်နယ်တွေမှာလည်း မရဘူးလို့ကြားတယ်၊ ဒီလိုချိန်မှာ လစာမရတော့ အားလုံးအခက်တွေ့ကြတာပေါ့ အချို့ဆရာမတွေ့ အလုပ်ထွက်တော့မယ်လို့ပြောလာတာလည်းရှိတယ်” ဟု မွန်ဘာသာသင် ဆရာမတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    သို့ရာတွင် အခြေခံပညာဦးစီးဌာန နေပြည်တော်မှ တိုင်းရင်းသားဘာသာသင် (Teaching Assistant-TA) (Language Teacher-LT) နေ့စားလပေးဆရာ၊ ဆရာမများ၏ ပုံလျှံရန်ပုံငွေများ ပြန်လည်ရုပ်သိမ်းခြင်း ခေါင်းစဉ်အောက်မှ ပုံလျှံရန်ပုံငွေကျပ် (၅,၈၃၄,၃၅၈) ကျပ်ငါးရာရှစ်ဆယ့်သုံးသန်း လေးသိန်းသုံးသောင်းငါးထောင်ရှစ်ရာတိတိကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး MD များမှပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သြဂုတ်လ ၂၆ ရက်နေ့အကြောင်းကြားစာ မိတ္တူများကို လူမှုကွန်ယက်ပေါ်တွင်တွေ့ရှိရသည်။

     “ကျောင်းမတက်လို့ လစာမရဘူးဆိုလည်း တစ်မျိုးပေါ့နော်၊ အခုဟာက ကျောင်းမဖွင့်လို့သာကျောင်းမတက်ရတာလေ လစာက ဘာမှမဟုတ်ပေမယ့် ဒီငွေလေးကိုတော့ ကျွန်မတို့မျှော်လင့်မိပါတယ်” ဟု အဆိုပါဆရာမက ဆက်ပြောသည်။

    တိုင်းရင်းသားဘာသာသင် ဆရာ၊ဆရာမသည် အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေးဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ နှုန်းဖြင့် တစ်လလျှင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ရရှိနေကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း အစိုးရစာသင်ကျောင်းအသီးသီးတွင် မွန်စာသင် ၂၇၀ ကျောင်း၊ ကရင်စာသင် ၂၇၃ ကျောင်းနှင့် ပအိုဝ့်စာသင် ၃၀ ကျောင်းရှိပြီး နေ့စားလပေးဆရာ၊ဆရာမပေါင်း ၁၂၀၀ ကျော်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks