spot_img
Friday, January 23, 2026
More
    spot_img
    HomeCovid 19ရေးမြို့နယ်တွင် သံပုရာသီးတစ်လုံး ၁၀ ကျပ်အောက် အနိမ့်ဆုံးဈေးရောက်နေ

    ရေးမြို့နယ်တွင် သံပုရာသီးတစ်လုံး ၁၀ ကျပ်အောက် အနိမ့်ဆုံးဈေးရောက်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၇ သြဂုတ် ၂၀၂၁)

    ရေးမြို့နယ်အတွင်း သံပုရာသီးတစ်လုံး ၁၀ ကျပ်အောက် အနိမ့်ဆုံးဈေးချရောင်းနေကြသော်လည်း ယခုအခါ ဝယ်ယူမည့်သူမရှိဖြစ်နေကြောင်း သံပုရာသီးစိုက်တောင်သူများထံမှ သိရသည်။

    ကိုဗစ်စတင်မဖြစ်ပွားမီ ၂၀၁၉ ခုနစ်ခန့်က မွန်နှင့်ကရင်ပြည်နယ်တို့တွင် သံပုရာသီးတစ်လုံး ၂၀၀ ကျပ်ဝန်းကျင်ပေါက်ေစျေးရှိခဲ့သည်ဟုသိရပြီး ယခုမိုးဦးကတည်းက ရှောက်သီးနှင့် သံပုရာသီးအထွက်များချိန်တွင် သံပုရာသီးတစ်လုံး ၁၅ ကျပ်ခန့် ဈေးနှုန်းပေါက်ခဲ့ရာမှ အသီးအရည်ရွှမ်းသည့် ယခုအချိန်တွင် ဈေးလုံးဝမရသည့်တွက် အရှုံးပေါ်နေကြောင်း ရေးမြို့မှ သံပုရာသီးတောင်သူ နိုင်မော် ကဆိုသည်။

    “ဘာမှလုပ်မရဘူး ဒီနှစ်က၊ သံပုရာသီးတွေလည်းပုပ်ကုန်ပြီး အဝယ်ဒိုင်တွေကတော့ တတ်နိုင်သလောက်တော့ ကျွန်တော်တို့ဆီကအသီးတွေကို ဝယ်ပေးပါတယ်၊ သူတို့လည်း အထက်ဘက်ကနေ အရောင်းအဝယ်မရှိတော့ ကြာကြာဘယ်ယူ ဝယ်ပေးနိုင်ပါ့မလဲဗျာ” ဟု နိုင်မော်က ပြောသည်။

    ကိုဗစ်ကာလစတင်လာသည့် ယမန်နှစ် ၂၀၂၀ ခုနှစ် မတ်လမှစ၍ နောက်ဆုံးကြုံတွေ့နေရသည့် နိုင်ငံရေးအခြေနေများက လမ်းခရီ်းအသွားအလာအဆင်မပြေခြင်း၊ ဈေးအများပိတ်ထားရခြင်း၊ ဈေးကွက်ပျောက်ဆုံးနေခြင်းတို့ကြောင့် သီးနှံခြံစိုက်ပျိုးရေး တောင်သူများဒုက္ခရောက်နေရကြောင်း သံပုရာသီးအဝယ်ဒိုင် မခိုင်က ပြောသည်။

    “ ရန်ကုန်ဘက်ကလည်း လုံးဝအရောင်းအဝယ်မရှိတော့ ဒီဘက်ကအသီးအနှံတွေကလည်း လုံးဝမရောင်းရဘူးဖြစ်နေတယ်၊ အခုဆို သံပုရာအဝါသီးတွေကို သူတို့လက်မခံကြတော့ဘူး၊ လမ်းမှာပုပ်ကုန်တယ်လို့ပြောတယ်၊ အရင်နှစ်တွေတစ်ရက်ကို လေးငါးဆယ်အိတ်ရောင်းနေတာ အခုက တစ်နေ့ငါးအိတ်တောင် နေ့တိုင်းရောင်းရတာမဟုတ်ဘူး” ဟု မခိုင်က ဆက်ပြောသည်။

    လက်ရှိတွင် ရေးမြိုံနယ်မှ သံပုရာသီးတစ်လုံး ၁၀ ကျပ်ဝန်းကျင်ဈေးရှိေနေသော်လည်း မြိတ်မြို့တွင် တစ်လုံး ၂ ကျပ် ပြည်မြို့တွင် တစ်လုံး ၃ ကျပ်၊ သထုံမြို့တွင် ၁၀ ကျပ်၊ ကျိုက်ထိုမြို့တွင်  ၁၀ ကျပ်ဈေးရှိနေကြောင်း လူမှုကွန်ယက် Facebook ပေါ်တွင် ပြောဆိုနေကြသည်။

    သို့ရာတွင် ထိုင်းမြန်မာနယ်စပ် ကန်ချနပူရီပြည်နယ်၊ စံခလပူရီနှင့် ဘုရားသုံးဆူဒေသတွင် သံပုရာသီးတစ်လုံး ထိုင်းငွေဖြင့် ၅ ဘတ်ရောင်းချလျက်ရှိရာ မြန်မာငွေဖြင်း ၂၅၀ ကျပ်ဈေးပေါက်ကြောင်း တွေ့ရှိရသည်။

    ရေးမြို့နယ်မှ ထွက်ရှိသည့်သံပုရာသီးများကို မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးနှင့် လာရှိုးမြို့များသို့ တင်ပို့ကြပြီး ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ စားသောက်ကုန်ထုတ်လုပ်ရာတွင်လည်းကောင်း အဓိက အသုံးပြုနေကြသည်ဟု ဆိုသည်။

    ရေးမြို့နယ်ဒေသခံများသည် အဓိကအားဖြင့် ရှောက်သီး သံပုရာသီ်း မင်းဂွတ်သီ်း ဒူးရင်းသီးနှင့် ကွမ်းသီ်းတို့ကို အဓိက စိုက်ပျိုးမှီ်ခိုအားထားရပြီး အခုလိုဈေးကျတဲ့အချိန်အတွင်း တောင်သူများအနေနဲ့ အရှုံးပေါ်နေရကြောင်း၊ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးပြီး ထိုင်းနယ်စပ်ဒေသနှင့်နီးကပ်သဖြင့် ဒေသထွက် သီးနှံများ အခြားသောကုန်ပစ္စည်းများလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာဒေသ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts