Wednesday, March 11, 2026
More
    spot_img
    Homeသတင်းပြည်ပ ဝယ်ယူမှုများလာသောကြောင့် ရော်ဘာဈေးအနည်းငယ်မြင့်တက်လာ

    ပြည်ပ ဝယ်ယူမှုများလာသောကြောင့် ရော်ဘာဈေးအနည်းငယ်မြင့်တက်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၁၁)

    ရော်ဘာများကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများလာသောကြောင့် မွန်ပြည်နယ် ဈေးကွက်အတွင်း အနည်းငယ် ဈေးမြင့်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

    ပြည်နယ်ထွက် ရော်ဘာများကို လတ်တလောမှာ တရုတ်နိုင်ငံမှ အဓိက အများဆုံးဝယ်ယူနေတာ ဖြစ်ကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းမှ ဦးအောင်ရွှေက ပြောသည်။

    “ကိုဗစ်နည်းနည်းကင်းစင်လာတဲ့ နိုင်ငံတွေက စက်မှု နည်းနည်းစလာတယ်လေ။ စလာတယ်ဆိုတော့ ရော်ဘာက လိုအပ်တယ်လေ။ သူတို့မှာက လုပ်ငန်းစပြီဆိုတော့ လုပ်ငန်းလိုအပ်ချက်အရ ဝယ်လာကြတာပေါ့”ဟု ဦးအောင်ရွှေက ပြောသည်။

    တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာသောကြောင့် သိုလှောင်ထားသူများသာမက တောင်သူများလည်း ဈေးကောင်းရလာကြောင်း ၄င်းက ဆက်ပြောသည်။

    ယနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် Local RSS  3 တစ်ပေါင်  ၉၈၀ ကျပ်ထိ ပေါက်ဈေးရှိပြီး နေလှန်းခြောက် ဈေးနှုန်း ၁၀၀၀ ကျပ်ထိ ပေါက်ဈေးရှိလာကြောင်း၊ လက်ရှိ မွန်ပြည်နယ်ရော်ဘာဈေးကွက် ဈေးတက်လာသော်လည်း ထိုင်းနိုင်ငံဈေးကွက်တွင် Local RSS 3 တစ်ပေါင် ၁၂၀၀ ကျပ် ပေါက်ဈေးရှိနေသဖြင့် ထိုင်းဈေးကွက်ကို မမီသေးကြောင်း သိရသည်။

    ဝယ်ယူလာမှု များသောကြောင့် ဈေးကွက်အတွင်းမှာ အဆင်မြင့်ရော်ဘာ RSS 1 ကုန်နေပြီ ဖြစ်ကြောင်း ရော်ဘာတောင်သူ တစ်ဦးက ပြောသည်။

    “RSS 1ကတော့ မရှိတော့ဘူး။ ကုန်နေပြီ။ အခုက သိုလှောင်ထားတာတွေရော ရှိတာတွေရော အကုန်လုံးကို လိုက်ဝယ်နေတာ။ ရှိတာတွေတော့ ရောင်းနေရတာပေါ့”ဟု ၎င်းက ပြောသည်။

    တနိုင်ငံလုံး ရာဘာစိုက် ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် မွန်ပြည်နယ်မှ တနှစ်လျှင် ရာဘာ တန်ချိန် ၁ သိန်းကျော် ထုတ်လုပ်ကာ မြန်မာတနိုင်ငံလုံး ရာဘာထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းခန့်ထွက်ရှိနေသော်လည်း ကမ္ဘာ့ ဈေးကွက်ဝင် အရည် အသွေးမြင့် RSS 1, 2, 3 ရာဘာ ထုတ်လုပ်နိုင်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks