spot_img
Friday, February 13, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်မြို့နယ်တွင် ကိုဗစ်ကူးစက်သေဆုံးမှုနှုန်း လျော့ကျလာနိုင်သော်လည်း ကျန်မြို့နယ်များတွင် ဆက်လက်စိုးရိမ်နေရဦးမည်ဟု ခန့်မှန်း

    မော်လမြိုင်မြို့နယ်တွင် ကိုဗစ်ကူးစက်သေဆုံးမှုနှုန်း လျော့ကျလာနိုင်သော်လည်း ကျန်မြို့နယ်များတွင် ဆက်လက်စိုးရိမ်နေရဦးမည်ဟု ခန့်မှန်း

    -


    ‌မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ်-၄)

    မော်လမြိုင်မြိုနယ်တွင် ကိုဗစ်ကူးစက်နှုန်းနှင့် ကိုဗစ်ကြောင့် ယခုလအတွင်း သေဆုံးမှု‌နှုန်း လျော့ကျလာနိုင်သော်လည်း ကျန်မြို့နယ်များတွင် ဆက်လက်စိုးရိမ်ရမည့်အနေအထား ရှိနေမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် ကယ်ဆယ်ရေးအဖွဲ့တချို့က ခန့်မှန်းပြောဆိုကြသည်။

    မော်လမြိုင်ဆေးရုံကြီး Isolation ward 4 မှ ဆရာဝန် ဒေါက်တာသက်ကျော်စိုးက “မော်လမြိုင်မှာ ဒီလကုန်လောက်ဆိုရင် ကူးစက်နှုန်းရော၊ သေဆုံးနှုန်းပါ ကျလာပါလိမ့်မယ်။ ကျိုက်မရောနဲ့ ရေးဘက်ကတော့ သတိထားရပါဦးမယ်။ ဆေးရုံမှာလည်း လူနာတွေအတွက် နေရာလွတ်တွေရှိလာပြီမို့လို့ အောက်ဆီဂျင်ကျတဲ့ အရေးကြီးလူနာတွေအတွက် ပိုပြီးအဆင်ပြေလာနိုင်မှာပါ”ဟု ဆိုသည်။

    လက်ရှိ မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုနှုန်း ၄ ဒဿမ ၅ ရာခိုင်နှုန်းရှိသည်ဖြစ်ရာ ကိုဗစ်လူနာ ၁၀၀ တွင် ၄ ဦးမှ ၅ ဦးထိ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၆၀၀ နီးပါးရှိကြောင်း Covid 19 အချက်အလက်စုစောင်းလေ့လာများထံမှ သိရသည်။  

    မော်လမြိုင်မြိုမှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “အခုလက်ရှိ ဩဂုတ်လထဲ အဝင်မှာဆိုလို့ရှိရင် သေဆုံးနှုန်းကတော့ ဇူလိုင်လထက် ကျဆင်းလာတာတော့ သတိထားမိတယ်။  သေဆုံးနှုန်းတော်တော် ကျလာတယ်။ကျနော်တို့အဖွဲ့တစ်ဖွဲ့အနေအထားနဲ့ အရင်တုန်းကဆို တစ်ရက်ကို အလောင်း ၂၀၊ ၃၀၊ ၄၀ ပတ်ချာလည်လောက် သဂြိုလ်ရတဲ့နေရာကနေမှ အခု သဂြိုလ်ရတဲ့နှုန်းက မော်လမြိုင်မြို့အနေနဲ့ဆို ဆယ်လောင်းကျော်လောက်ပဲ ရှိတယ်။ သေဆုံးနှုန်းတော့ နည်းနည်းကျလာတယ်”ဟု ပြောသည်။

    သို့ရာတွင် သထုံမြို့နယ်၌ ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်မှ ဩဂုတ်လ ၂ ရက်ထိ ရက်ပေါင်း ၃၀ ကျော်အတွင်း ကိုဗစ်အတည်ပြုလူနာနှင့်ကိုဗစ်သံသယလူနာ စုစုပေါင်း လူပေါင်း ၂၅၆ ဦး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း သထုံမြို့နယ် ကိုဗစ်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက VOT သတင်းကို ပြောသည်။

    “သံသယလူနာလို့ သုံးနှုန်းနေတာက မစစ်ဆေးတော့လို့ သုံးနှုန်းရတာပါ၊ အားလုံးက ကိုဗစ်လူနာတွေပါပဲ၊ ကိုဗစ်လက္ခဏာတွေနဲ့ ဆေးရုံတက်တယ်၊ ကိုဗစ်လက္ခဏာတွေနဲ့ပဲ သေဆုံးကြတာပါ၊ အခုဆို တစ်နေ့ကို ၁၀ လောင်းလောက်နေ့စဉ် သင်္ဂြိုလ်ပေးရတဲ့အထိ သေဆုံးမှုများနေတာပါ”ဟု ဆိုသည်။

    ယခုအခါ မွန်ပြည်နယ်တဝန်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊  ပြည်နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ ၁၈ သိန်းခန့် ကာကွယ်ဆေးထိုးပြီးပါက ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ လူဦးရေထက်ဝက်ခန့် ကာကွယ်ဆေးထိုးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    -ရေးမြို့ ထွေအုပ်ရုံးတွင် ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူများ ၂-၈-၂၀၂၁ မြင်ကွင်း (Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks