spot_img
Saturday, January 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ် ပယ်ဖျက်ခြင်းဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးရွားစေနိုင်ဟု ANP ဆို

    ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ် ပယ်ဖျက်ခြင်းဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးရွားစေနိုင်ဟု ANP ဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ခုနှစ်၊ ဇူလိုင် – ၂၉)

    မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ ရှုတ်ထွေးမှုများနှင့်အတူ အပြုသဘောဆောင်သော နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သုဥ်းရေးသို့ ဦးတည်နေပြီး ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းခြင်းသည် နိုင်ငံရေး အကျပ်အတည်းကို ပို၍ဆိုးရွားသွားစေနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)က ဇူလိုင် ၂၇ တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

    နိုင်ငံရေးအခင်းအကျင်းသစ်ကို နောက်ထပ် ရွေးကောက်ပွဲ တရပ်ကျင်းပယုံနှင့် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်း ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက VOA ကို ပြောထားသည်။

    “ မြန်မာနိုင်ငံရေးမှာ ရှုပ်ထွေးတဲ့အခြေအနေက ပိုမိုဆိုးဝါးတဲ့အခြေအနေတစ်ခုကို ရောက်နေတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ နောက်တစ်ခု လုပ်မယ်၊ မလုပ်ဘူး ဆိုတာထက် ကျနော်တို့ ဒီမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတစ်ခု ထပ်လုပ်မယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးအခင်း အကျင်းတစ်ရပ် မဖြစ်မနေ ရှိဖို့ လိုတယ်။ ရွေးကောက်ပွဲနောက်တစ်ခု လုပ်မယ် ဆိုတာကတော့ လောလောဆယ် အခြေအနေမှာတော့ကာ လုံး၀ ဖြစ်နိုင်ချေ မရှိသေးတဲ့ အခြေအနေလို့ပဲ ကျနော်တို့ အဲဒီလို သုံးသပ်တယ်” ဟု ဦးသာထွန်းလှက ပြောသည်။

     လူသားမျိုးနွယ်စု၏ အသက်ကို ခြိမ်းခြောက်နေသည့် တတိယလှိုင်း COVID – 19 ကူးစက်မြန်ရောဂါသည် မြန်မာပြည်သူများကို အကြင်နာကင်းမဲ့စွာ နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေပြီး ခိုကိုးရာမဲ့ ဖြစ်နေကြသည့် ပြည်သူလူထုများ၏ လိုအပ်ချက်ကို ကူညီပံ့ပိုးရန် ဆန္ဒရှိသော မည်သည့်အဖွဲ့အစည်းကို မဆို လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် ANP တောင်းဆိုထားသည်။

    နိုင်ငံအနှံ့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျီးလန့်စာစားဖြစ်နေသည့် သိန်းချီသော ဒုက္ခသည်များအား လူသားဆန်စွာ အတည်တကျနေထိုင်နိုင်ရေးကိုအတွက်  ထပ်တိုး(၁)လ အပစ်အခတ် ရပ်စဲရေးမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန် တိုက်တွန်းထားသည်။

    အလားတူ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ကောင်းမွန်သော နိုင်ငံတော်တည်ဆောက်ရေးအခြေအနေ တစ်ရပ်ဖြစ်ပေါ်ရေးအတွက် ပြည်သူ့အကျိုးကိုရှေ့ရှု၍ ပတ်သက်သူများ အားလုံးပါဝင်နိုင်သည့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ပေါ်ပေါက်လာစေရေး အမြန်ဆုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ANP ၏ သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အတွက် ပယ်ဖျက်လိုက်တာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

    ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၈၇) ပါတီက ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်အဖွဲ့များက ကြေညာထားပြီး ရွေးကောက်ပွဲ ရလဒ်မှာလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks