spot_img
Saturday, December 21, 2024
More
    spot_img
    HomeCovid 19DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

    DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ( ၂၀၂၁ ဇူလိုင် ၂၁)

    ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယနေ့ (ဇူလိုင် ၂၁ ရက်) ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

    ရန်ကုန်မြို့ရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံ (ICU) ထဲတွင် ဆေးကုသမှု ခံယူနေစဥ် ယနေ့နေလည်ပိုင်းက အရေးပေါ်အသည်းအသန်ဖြစ်ပြီး ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဇူလိုင် ၁၄ ရက်နေ့ကတည်းက တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။

    ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ၂၀၁၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး စောလာပွယ်( ခေါ် )ဗိုလ်နှုတ်ခမ်းမွှေး ကွယ်လွန်ခဲ့ပြီးနောက် DKBA ၏ စစ်ဦးစီးချုပ်ဖြစ်လာသူ ဖြစ်သည်။

    တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အမည်သစ်ပြောင်းလဲခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် မာနယ်ပလောဒေသအတွင်း လှုပ်ရှားလျက်ရှိသည်။

    ထို့နောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ တွင် အစိုးရနှင့် အပစ်ရပ် သဘောစာချုပ်ချုပ်ဆို ခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

    DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts