Wednesday, March 11, 2026
More
    spot_img
    HomeCovid 19စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ယင်းနေ့မတိုင်မီ တရာစွဲထားသော ရာဇဝတ်မှုများရုပ်သိမ်းကြောင်း နစကကြေညာ

    စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ယင်းနေ့မတိုင်မီ တရာစွဲထားသော ရာဇဝတ်မှုများရုပ်သိမ်းကြောင်း နစကကြေညာ

    -

    မွန်သတင်းအေဂျင်စီ (၂၁ ဇူလိုင် ၂၀၂၁)

    စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီက တရားစွဲထားသည့် ရာဇဝတ်မှု ပုဒ်မ အမျိုးအစား အချို့တို့ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-နစက အမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရသည်။

    ကိုဗစ် ၁၉ ရောဂါကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့်  ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းပြီး တရားစွဲဆို ခံထားရသူ အားလုံးကို အမှုမှ ချက်ချင်းလွှတ်ပေးရမည် ဖြစ်ကြောင်း ထိုထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

    “တချို့ဆိုရင် အဲ့ဒီပုဒ်မနဲ့ အမှုရင်ဆိုင်ရပြီးတော့ တရားစွဲဆို ခံထားရတဲ့ အချုပ်မထုတ်ဘဲနဲ့ သက်ဆိုင်ရာ အကျဉ်းထောင်မှာပဲ ချုပ်ခံထားရတာ အချုပ်ကာလက တစ်နှစ်ကျော်တဲ့သူတွေ အများကြီးပဲ အဲ့တော့အမှုကို စစ်ဆေးခြင်းလည်း မရှိဘူး ဒီတိုင်းအချုပ်ခံထားရတဲ့ သူတွေက တစ်နှစ်ကျော်ဆိုတော့ ကြိုတင်အပြစ်ပေးထား တဲ့သဘော သက်ရောက်နေတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

    ပိတ်သိမ်းလိုက်သည့် အမှုများတွင် ရာဇသတ်ကြီး၊ သစ်တောဥပဒေ၊ လောင်းကစားဥပဒေ၊ ယစ်မျိုး အက်ဥပဒေ၊ ခြေချုပ်နဲ့ခံဝန်အက်ဥပဒေ၊ မူးယစ်ဥပဒေ၊ လက်နက်ဥပဒေ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ၊ ရဲအက်ဥပဒေ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေပါ ပြစ်မှုတို့ ဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် “အားလုံးကိုတော့ လွှတ်ပေးအမှုပိတ်သိမ်းပေးတာမျိုးတော့မရှိဘူး သို့သော် အဲ့ဒီအထဲကမှ တော်တော်များများ ကိုတော့ အမှုပိတ်သိမ်းလိုက်တာဖြစ်တဲ့အတွက် ကောင်းတဲ့လက္ခဏာ လို့ပဲပြောရမှာပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူ တရားစွဲခံရတဲ့ အလားတူ ပုဒ်မနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေကိုကျတော့ ပိတ်သိမ်းတဲ့အထဲမှာ အကြုံးမဝင်ဘူး” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

    အဆိုအမှုများဖြင့် တရားစွဲဆိုခံထားရသူတို့သည် ကိုဗစ် ၁၉ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင် ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေပြီး နိုင်ငံသားများအတွက် သက်ညှာစွာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်ကို ထုန်ပြန်ခဲ့ကြောင်း ဆိုသည်။

    အလားတူ အကျဥ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ အကျဥ်းသား/သူ ၂၃၃၁၄ ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းလျော့ပေါ့ ချမ်းသာခွင့်ပေးလိုက်ကြောင်း နစကကောင်စီဥက္ကဌက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ လွှတ်ပေးခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks