spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာသောကြောင့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

    ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာသောကြောင့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

    -

    မွန်သတင်းအေဂျင်စီ (၂၀-ဇူလိုင် ၂၀၂၁)

    ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံကို လတ်တလော ကိုဗစ်ရောဂါကူးစက်မှုမြင့်မားလာနေသောကြောင့် ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း လူငယ်ခေါင်းဆောင်များက ပြောကြားသည်။

    မွန်လူငယ်များဆုံရပ် MYF အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက “အခုကိုဗစ်ရောဂါကူစက်မှုမြင့်မားလာတဲ့ အခြေအနေကြောင့် ရက်ရွေ့ဆိုင်းလိုက်ရတာပါ။ သတ်မှတ်ရက်တွေမှာ ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။ ရက်တော့ရွှေ့လိုက်တယ် ဒါပေမယ့် ဘယ်တော့လောက်ကျင်းပဖြစ်မလဲဆိုတာကို မပြောနိုင်သေးပါဘူး။ ကပ်ရောဂါကူးစက်မှုအခြေအနေ စောင့်ကြည့်သွားပြီးတော့ ကင်းရှင်းသွားတဲ့အချိန်ကျမှ ကျင်းပဖြစ်မှာပါ”ဟု ဆိုသည်။

    ဒုတိယအကြိမ်မြောက် မွန်လူငယ်များညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း ကိုယ်စားလှယ် ၁၅၀ ဦးခန့်တို့ဖြင့် လာမည့် ဇူလိုင် ၂၇ ရက်နေ့မှစတင်၍ ၃ ရက်တာကျင်းပသွားရန် မွန်လူငယ်များညီလာခံ ကျင်းပရေးဦးစီးကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်မားလာသဖြင့် လူစုလူဝေးဖြင့် ညီလာခံအစည်းအဝေးများ လုံးဝကျင်းပရန်မသင့်သည့် အခြေအနေရှိနေသည်ဟု သိရသည်။

    ထို့အတူ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကုသရေးစင်တာ ဆေးရုံ ၅ ခုတည်ဆောက်ရန်စီစဉ်လျက်ရှိပြီး လတ်တလောတွင် လူဖြတ်သန်းသွားလာမှုထိန်းချုပ်သည့် အဝင်အထွက်ဂိတ် ၁၈ ခုထားရှိထားကြောင်း မွန်ပြည်သစ်ပါတီ(ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီက အသိပေးထားသည်။ 

    မွန်လူငယ်များဆုံရပ် MYF အကြံပေးပုဂ္ဂိုလ် နိုင်ဉာဏ်စိုက်ရာမာဉ်က “ညီလာခံမှာ မွန်လူငယ်များ မူဝါဒကို အတည်ပြုနိုင်ဖို့ပါ၊ အထူးသဖြင့် လျော့တိလျော့ရဲဖြစ်လာနေတဲ့ ကျနော်တို့လူငယ်ဆုံချက် MYF ကို ဘယ်လိုပြန်စုဖွဲ့ကြမလဲ၊ MYF ကိုလည်းပြန်စုဖွဲ့နိုင်ပြီဆိုရင် ရှေ့လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်”ဟု ဆိုသည်။

    ပထမအကြိမ် မွန်လူငယ်များညီလာခံကို ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅၀၀ ဗိမာန်တော်၌ ကျင်းပခဲ့ရာ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ လူငယ်ကိုယ်စားလှယ် ၅၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks