Wednesday, March 11, 2026
More
    spot_img
    HomeCovid 19ပြည်ပသို့ ငါးတင်ပို့မှု ရပ်နား

    ပြည်ပသို့ ငါးတင်ပို့မှု ရပ်နား

    -


    မွန်သတင်းအေဂျင်စီ( ၂၀၂၁ ဇူလိုင် ၁၉)

    မွန်ပြည်နယ်အတွင်းမှ ထွက်ရှိသော ငါးများကို ပြည်ပတင်ပို့မှု ရပ်နားထားရပြီး လက်ရှိဖြစ်ပွားနေသော ကိုဗစ် ၁၉ ကြောင့်လည်း ငါးလုပ်ငန်းတစ်ခုလုံး ပိတ်သိမ်းထားရသည့်အခြေအနေမျိုးဖြစ်နေကြောင်း မော်လမြိုင်မှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကြောင့် ယမန်နှစ် ၂၀၂၀ ခုနှစ် မေလကတည်းက တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် အဓိက စားသောက်ကုန်ဖြစ်သည့် သားငါးပင်လယ်စာ၊  သစ်သီးဝလံများနှင့် ခြံထွက်သီးနှံ ဟင်းသီးဟင်းရွက် တင်ပို့နေမှုများ သိသိသာသာကျဆင်းခဲ့ပြီး လက်ရှိကာလအထိ ပြန်လည်၍ နလံထူနိုင်ခြင်း မရှိသေးပေ။

    မော်လမြိုင်မြို့မှ ငါးလုပ်ငန်းရှင် တစ်ဦးက “အရင်ကိုဗစ်တုန်းကလည်း တရုတ်ဘက်က တင်သွင်းခွင့် ပိတ်လိုက်တော့ နားလိုက်ရတယ်။ အခုလည်း ပထမတုန်းက နိုင်ငံရေးမတည်ငြိမ်တာတွေဖြစ်တော့ လမ်းခရီးမှာ စစ်တာတွေ ပိတ်တာတွေနဲ့ဆိုတော့ လုပ်ငန်းရှင်တွေ အထိနာတာပေါ့။ အခု ကိုဗစ်က ထပ်ဖြစ်ပြန်ဆိုတော့ ပြည်တွင်းမပြောနဲ့ ပြည်ပတင်ပို့မှုကို မလုပ်နိုင်တော့လို့ တစ်ချို့ဆို လူပ်ငန်းရပ်နားလိုက်ကြတယ်”ဟု ၎င်းက ပြောသည်။

    စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်ငြိမ်မှုများ‌ကြောင့် ကုန်ပစ္စည်းတင်ပို့ရာတွင် အစစ်အဆေး များပြားလာခြင်း၊ လမ်းခရီးသွားလာမှု အခက်အခဲများ ရှိလာခဲ့ကြောင်း ၄င်းကဆိုသည်။

    မော်လမြိုင်ကျောက်မီးသွေးစျေးငါးဒိုင်မှ လုပ်ငန်းရှင်တစ်ဦးက “ငါးက အထွက်နှုန်းလည်း နည်းလာတယ်။ ငါးဖမ်းလုပ်ငန်းတစ်ချို့က ရပ်နားလိုက်ရတာတွေ ရှိလာတော့ ဖမ်းမိတာတွေလည်း နည်းလာတယ်။ အဲတော့ ရသလောက်ကို ပြည်တွင်းမှာပဲ ဖြုန်းနေရတာပေါ့။ ပြည်ပကို ပို့ဖို့က အရင်တုန်းကလို မလွယ်တော့ဘူး။ ကုန်ကျစရိတ်ရော အကုန်လုံးပဲ”ဟု ပြောသည်။

    လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ရောဂါကူးစက်မှုကြောင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့်မရဘဲ အဆင့်ဆင့်တင်ပို့နေရသည့် အခြေအနေဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှ တင်ပို့မှုကို တင်းကြပ်ထားပြီး ပြည်ပတင်ပို့မှု လုပ်ကိုင်နေသည့် လုပ်ငန်းများ ငွေကြေးအခက်အခဲရှိလာကာ လုပ်ငန်းရပ်နားခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းအတွင်း ပြည်ပသို့ တင်ပို့မှုလုပ်ကိုင်နေသည့် ငါးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းနီးပါး ရပ်နားခဲ့ရကြောင်း၊ လက်ရှိ ကိုဗစ်တတိယလှိုင်းတွင်လည်း ရပ်နားလိုက်သည့် လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

    ထို့အပြင် မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းကွက်များအတွင်း ငါးမဖမ်းရကာလကို နှစ်စဥ် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ၃ လတိတိ သတ်မှတ်ထားသည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks