spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မင်းထိန်ဝင်း (မြန်မာ့အသံ-မွန်အစီအစဉ်) အသက် (၇၄) နှစ် ဇင်းကျိုက်မြို့၌ ယနေ့နံနက်တွင် ကွယ်လွန်

    မင်းထိန်ဝင်း (မြန်မာ့အသံ-မွန်အစီအစဉ်) အသက် (၇၄) နှစ် ဇင်းကျိုက်မြို့၌ ယနေ့နံနက်တွင် ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁-ဇူလိုင် ၁၈) 

    မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV အငြိမ်းစား ဦးစီးအရာရှိ (စာပြု) နှင့် မွန်တိုင်းရင်းသားအစီအစဉ် ကြီးကြပ်ရေးမှူးဟောင်း မင်းထိန်ဝင်း အသက် (၇၄) နှစ်သည် ဇာတိမြေ ပေါင်မြို့နယ် ဇင်းကျိုက်မြို့၌ ယနေ့ (ဇူလိုင် ၁၈) နံနက်စောစောပိုင်းတွင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း သတင်းရရှိသည်။ 

    “သူက အောက်ဆီဂျင်ကျပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရသူပါ။ ဆေးရုံမှာ (၁၀) ရက်လောက်နေပြီး လူနာတွေ အရမ်းများလာတော့ ဆေးရုံဆင်းခွင့်ရတယ်၊ သူကလူပျိုကြီး တစ်ယောက်ထဲသမားဆိုတော့ ကျန်းမာရေးအခြေအနေက ရန်ကုန်အိမ်မှာ နေလို့အဆင်မပြေ၊ ဇင်းကျိုက်က သူ့ညီမအိမ် ပြန်ဖို့ ကျွန်တော်တို့ ဝိုင်းဝန်းစီစဉ်ပေးလိုက်တယ်။ ဇင်းကျိုက်ကို မနေ့က ကောင်းကောင်းမွန်မွန်ပဲ ရောက်တယ်။ သူလဲ နေကောင်းပါတယ်။ ဒါပေမယ့် မနက်တုန်းက အောက်စီဂျင်ကုန်သွားလို့ ဆုံးသွားတယ်”ဟု ဆွေမျိုးတော်စပ်သူ မင်းချိုဝင်းက ပြောသည်။

    မင်းထိန်ဝင်းသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံ မွန်တိုင်းရင်းသားအစီအစဉ်တွင် ၁၉၇၇ ခုနှစ်ကတည်းက အစီအစဉ်ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV ဦးစီးအရာရှိ (စာပြု) အဆင့်ဖြင့် အငြိမ်းစားယူခဲ့ခြင်းဖြစ်သည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) အမှုဆောင်ဝင်တစ်ဦးဖြစ်ပြီး ၁၉၈၀ ခုနှစ်ကျော် ဗီဒီယိုခေတ်ဦးကာလတွင် မွန်အဆိုတော် မင်းကိုသာ၏ ဗီဒီယိုဇာတ်ကားများအတွက် ဇာတ်ညွှန်းရေးသားခြင်း၊ မင်းကိုသာတေးသီချင်းများအတွက် မွန်စာသားရေးစပ်ပေးခြင်း၊ မွန်အမျိုးသားနေ့အခမ်းအနားများအတွက် ဇာတ်လမ်းရေးသားခြင်းနှင့် ဝါးပတ္တလားတူရိယာကို ကျွမ်းကျင်စွာတီးခတ်သင်ကြားပေးနိုင်သူတစ်ဦး ဖြစ်သည်။

    ဇင်းကျိုက်မြို့နေ ဖခင် မွန်ဂီတဆရာကြီး နိုင်ရွှေပြည်( မိကျောင်းဆရာ) နှင့် မိခင် ဒေါ်ငွေရောင် တို့မှ ၁၉၄၈ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သားဦးရတနာ မင်းထိန်ဝင်းကို ဖွားမြင်ခဲ့ပြီး အခြေခံပညာကျောင်းများကို ဇင်းကျိုက်နှင့် ပေါင်မြို့တွင်၎င်း၊ မော်လမြိုင်ကောလိပ်သို့ ၁၉၆၇ ခုနှစ်တွင် စတင်ပညာဆည်းပူးခဲ့ပြီး မွန်စာပေယဉ်ကျေးမှု အတွင်းရေးမှူးအဖြစ်၎င်း၊ ထိုစဉ်က ကျောင်းသားအရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် (၃) နှစ်ခန့် အရေးယူခံခဲ့ရကြောင်း ၎င်း၏ကျောင်းနေဖက်အပေါ်အသင်းများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks