spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

    ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၁၈)

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခိုင်ဝင်းသည် ယနေ့(ဇူလိုင် ၁၈) နံနက် ၈ နာရီကျော်ခန့်အချိန်၌ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဆိုင်ကယ်စီးအမည်မသိလူ ၂ ဦး ရုတ်တရုက်ရောက်ရှိလာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်သဖြင့် နေရာတွင်ပင် ပွဲချင်းပွဲသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက် နှင်းဆီလမ်းရှိ အဘိုင်လက်ဖက်ရည်ဆိုင်တွင် အဖော် ၂ ဦးနှင့်အတူထိုင်နေစဉ် အမည်မသိသေနတ်သမား၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရုတ်တရက်ရောက်ရှိလာပြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ဦးခိုင်ဝင်းအား ၈ ချက်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

    “ ဦးခိုင်ဝင်း သေတယ် သေနတ်အချက် ၂၀ လောက်ပစ်သွားတာ၊ သူနဲ့ ပါလာတဲ့ ကိုသိန်းဇံအောင်တို့ သားအဖလည်း ခြေလက်တွေထိမှန်သွားတယ်၊ ဆေးရုံပို့လိုက်တယ် အေခြေအနေဘယ်လိုမှန်း မသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

    ထိုနောက် အခင်းဖြစ်ပွားခဲ့သည့်နေသို့ စစ်တပ်နှင့် ရဲလုံခြုံရေးတပ်ဖွဲ့များ မရောက်လာမီ အဆိုပါသေနတ်သမား ၂ ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

    အလားတူ ဘုရားသုံးဆူနယ်စပ်မြို့ပေါ်တွင် ဇွန်လ ၁၆ ရက်နေ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စောမောင်ကျော်နှင့် မေလ ၁၉ ရက်နေ့က အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းတို့ကို အမည်မသိ သေနတ်သမားများက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြပြီးဖြစ်သည်။

    ထို့အတူ ဘုရားသုံးဆူမြို့အနီး ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက အမည်မသိသေနတ်သမားလုပ်ကြံမှုကြောင့်  မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး သေဆုံးခဲ့သည့်အမှုကိုလည်း တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    ဘုရားသုံးဆူနယ်စပ်မြို့နှင့်အနီးအနားတဝိုက်တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF, ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ PNU/KLNA-PC, DKBA, KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့များ အခြေစိုက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks