Monday, December 30, 2024
spot_img
HomeCovid 19ကျန်းမာရေးဌာန၏ ကိုဗစ်သေဆုံးသူစာရင်းထုတ်ပြန်ချက်များ မြေပြင်အခြေအနေနှင့် ကွာခြားမှုရှိနေ

ကျန်းမာရေးဌာန၏ ကိုဗစ်သေဆုံးသူစာရင်းထုတ်ပြန်ချက်များ မြေပြင်အခြေအနေနှင့် ကွာခြားမှုရှိနေ

-

မွန်သတင်းအေဂျင်စီ (၁၅ ဇူလိုင်-၂၀၂၁)

လတ်တလော ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါသေဆုံးသူများ စာရင်းထုတ်ပြန်ချက်နှင့် မြေပြင်အ‌ခြေအနေ ကွာခြားမှုရှိနေကြောင်း တွေ့ရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၁၄ ရက်အထိ မွန်ပြည်နယ်အတွင်း သေဆုံးသူ ၅၄ ဦးရှိသည်ဟုဖော်ပြခဲ့သော်လည်း သဂြိုလ်ပေးခဲ့ရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ  သေဆုံးသူ ၁၁၄ ဦးခန့်ရှိခဲ့သည်ဟု ဆိုသည်။

မော်လမြိုင် Rescue  လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ကျတော့ လက်တွေ့ပေါ့နော်။ နေ့စဉ်သေဆုံးနေတဲ့လူတွေကို လက်တွေ့သဂြိုလ်နေရတဲ့အခါကျတော့ ကျွန်တော်တို့တင်တဲ့ အရေအတွက်ကတော့ နေ့စဉ်သေဆုံးနေတဲ့ အရေအတွက် အမှန်ပါပဲ၊ ဒါပေမယ့် ပြည်နယ်ကျန်းမာရေးဌာနနဲ့ MOHS တို့ ဘယ်လိုချိတ်ဆက်ပြီး စာရင်းတွေပို့နေတာကိုတော့ ကျနော်တို့မသိပါဘူး၊”ဟု ပြောသည်။

ဆေးရုံမှ အတည်ပြုလူနာများ၏ အလောင်းကို လာရောက်ထုတ်ယူရန် ပြောကြားလာပါက အလောင်းထုတ်ယူကာ သဂြိုလ်ပေးနေရသောကြောင့် အမှန်တကယ် သေဆုံးသူများ၏ အရေအတွက် ဖြစ်ကြောင်း၊ ထို့အပြင် နေအိမ်၌သာ ကုသနေပြီး ကိုဗစ်သံသယအဖြစ် သေဆုံးသူများ၏ စာရင်းလည်း ပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။

စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက “Isolation ward နဲ့ ဆယ်မြိုနယ်ဆောင်ကနေပဲ သေတဲ့လူနာတွေကြီးပဲကို  အများကြီးထွက်နေတယ်။ တစ်နေ့ တစ်နေ့ပေါ့နော်။ ဆေးရုံကြီးကနေ အတည်ပြုချက် မရဘဲ သံသယလူနာအဖြစ် ဆုံးတဲ့လူနာတွေလည်း ရှိတာပေါ့။ ထုတ်ပြန်ချက်ထက်ကို မြေပြင်အနေအထားမှာတော့ သေဆုံးမှုက ပိုများပါတယ်”ဟု ပြောသည်။

ယခင်ဖြစ်ပွားခဲ့သည် ကိုဗစ်ပထမလှိုင်း နှင့် ဒုတိလှိုင်းထက် သေဆုံးမှု ပိုစိတ်လာခဲ့ပြီး သေဆုံးလူနာလည်း ပိုများလာကြောင်း ၄င်းက ဆက်ပြောသည်။ အလားတူ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ကိုဗစ်အတည်ပြုလူနာအပါအဝင် ကိုဗစ်လက္ခဏာဖြင့် အခုရက်ပိုင်းအတွင်း သေဆုံးသူသိသိသာသာများပြားလာပြီး မီးသင်္ဂြိုဟ်မည့်သုသာန်တွင် ရုပ်အလောင်းများ တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသအခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
31,600SubscribersSubscribe
spot_img

Latest posts