Monday, March 9, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်တစ်ချို့ ဈေးမြင့်တက်

    မော်လမြိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်တစ်ချို့ ဈေးမြင့်တက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၁၅)

    မော်လမြိုင်မြို့နယ်အတွင်း ယခုရက်ပိုင်းမှစတင်၍ အခြေခံစားသောက်ကုန် နှင့် ဆေးဝါးတစ်ချို့ ဈေးမြင့်တက်လာကြောင်း သိရသည်။

    အခြေခံစားသောက်ကုန်များအနက် ကြက်ဥ၊ ဆီ နှင့် ကြက်သွန်ဈေးနှုန်း သိသိလာလာမြင့်တက်လာကြောင်း မော်လမြိုင်မြို့ခံ မသူဇာမြင့်က ပြောသည်။

    “ကြက်ဥဈေးက ပိုသိသာတယ်။ လူတွေက ကြက်ဥတွေ အများကြီး ဝယ်ထည့်ကြတာလေ။ ကြက်ဥဝယ်မရတာတွေရှိတယ်။ ဆီ ဈေးကတော့ ပြီးခဲ့တဲ့အပတ်ထဲက တက်နေတာ။ အခုထိပဲ”ဟု ပြောသည်။

    ယခင်က ကြက်ဥ တစ်လုံး ၁၀၀ ကျပ်မှ ၁၅၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၄၀၀ ကျပ်မှ ၆၀၀ ကျပ်၊ ဆီတစ်ဗူး(အသေး) ၁၀၅၀ ကျပ်မှ ၁၃၅၀ ကျပ်အထိ မြင့်တင်လာခြင်း ဖြစ်သည်။

    “ဆန်ရောင်းဈေးကတော့ သိသိသာသာတက်လာတာတော့ မရှိဘူး။ ဆန်အသစ် မဟုတ်တာလည်း ပါမယ်ထင်တယ်။ ပွဲရုံတန်းတွေလည်း ပိတ်ထား‌ေတာ့ ဆီနဲ့ အခြားစားသောက်ကုန်ကတော့ ဆက်တက်လာနိုင်သေးတယ်”ဟု ‌သီရီမြိုင်မှ ဒေသခံတစ်ဦးက  ပြောသည်။

    လက်ရှိတွင် ဆေးဆိုင်များ၌ ဝယ်ယူသူ ပိုမိုများပြားနေပြီး ဆေးတစ်ချို့ နှင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ  ဈေးတက်လာသည်ကိုလည်း တွေ့ရသည်။

    မွန်ပြည်နယ်တဝန်းရှိ ဈေးဆိုင်များအားလုံး ဇူလိုင် ၅ ရက်က စတင်ပြီး စားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့သလို အခြေခံစားသောက်ကုန် အဓိက ရောင်းချနေသည့် မော်လမြိုင်တွင် ဈေးကြို ရတနာထွန်းပွဲရုံတန်းကိုလည်း ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်ထိ ယာယီပိတ်ထားခဲ့သည်။

    အခြေခံစားသောက်ကုန်ပစ္စည်းများ အဓိကထားရောင်းချနေသည့် ပွဲရုံဈေးတန်းပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မွန်ပြည်နယ်ကုန်သည်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးကျော်ခိုင်မြင့်က သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks