spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19ကိုရင်လေး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း လူနာ ၇၀၀၀ ခန့် အခမဲ့ကုသပေးနိုင်ခဲ့

    ကိုရင်လေး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း လူနာ ၇၀၀၀ ခန့် အခမဲ့ကုသပေးနိုင်ခဲ့

    -

    မွန်သတင်းအေဂျင်စီ (၁၄ ဇူလိုင် ၂၀၂၁)

    ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ်(ခေါ်) ကိုရင်လေး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် ယနေ့အထိ လူနာပေါင်း ၇၀၀၀ ခန့် အခမဲ့ဆေးကုသပေးနိုင်ခဲ့ကြောင်း ဆေးကုသမှတ်တမ်းအရ သိရသည်။

     “ဆေးခန်းကို ကိုဗစ်စည်းကမ်းနှင့်အညီဆက်ဖွင့်ထားတယ် ဒါပေမယ့် တတိယလှိုင်းစဖြစ်တဲ့အချိန်ကစပြီး စစ်ဆေးရေးဂိတ်တွေလည်းရှိလာတော့ လူနာအရောက်နည်းလာတယ် ရောက်တဲ့လူနာတွေက ကိုဗစ်လက္ခဏာပြတဲ့လူတွေဆိုတော့ ကျွန်တော်တို့က ပိုပြီးထိထိရောက်ရောက်ကုသပေးနိုင်တဲ့ ရေးဆေးရုံကြီးတို့ ဒါမှမဟုတ် မော်လမြိုင်ကိုပဲ ပို့ပေးဖြစ်ခဲ့တယ်” ဟု မွန်အမျိုးသားကျန်းမာရေးဌာန(MMA)မှ နိုင်ဟန်မွန်က ပြောသည်။

    ဆေးခန်းစတင်ဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီလလယ်မှ ဇွန်လကုန်အထိ ပြင်ပလူနာပေါင်း ၆၇၄၇ ဦး ဆေးရုံတင်ကုသပေးသူ ၄၂၁ ဦး၊ အခြားဆေးရုံများသို့ ပေးပို့ကုသပေးနိုင်မှုပေါင်း ၃၀၂ ဦး၊ ကလေး ၁၀၇ ဦးတို့ ကို မွေးဖွားနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

    အခမဲ့စစ်ဆေးကုသပေးခြင်း၊ ချို့တဲ့လူနာများအား ဓာတ်ခွဲခန်းစမ်းသပ်စရိတ်များ ကျခံပေးခြင်း၊ အာဟာရစရိတ်များထောက်ပံ့ပေးခြင်းနှင့် အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးနေရသဖြင့် ဆေးခန့်၏ နေ့စဉ်ကုန်ကျစရိတ် ပျမ်းမျှငွေကျပ် ၃ သိန်းကျော်ခန့်ရှိနေသည့်အတွက် ရေရှည်ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် ဘဏ္ဍာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဆေးခန်းတွင် လုပ်အားဒါနပြုလုပ်သူတစ်ဦးက ပြောသည်။

    “တစ်ရက်ကို ၃ သိန်းလောက်ဆိုပေမယ့် လူနာများရင်များသလောက် ကုန်တာပေါ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြတ်သွားရင်တော့ ဆေးခန်းကိုပိတ်သင့်ရင်လည်းပိတ်ရမယ်၊ အလှူငွေရရှိဖို့ အွန်လိုင်းပေါ်မှာရော လက်ကမ်းစာစောင်တွေနဲ့ရော နှိုးဆော်တာတွေ ပြုလုပ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါဆေးခန်းတွင် ဒေသခံဆရာဝန် ၂၅ ဦး၊ ဆေးဖက်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသူကျောင်းသား ၁၄ ဦး၊ သူနာပြု သားဖွား ၁၇ ဦး၊ မွန်အမျိုးသား ကျန်းမာရေးဌာန(MMA)မှ ဝန်ထမ်း ၆ ဦး၊ မြို့နယ်အတွင်းရှိ လူနာတင်ယာဉ် ၁၁ သင်း၊ အောက်စီဂျင်ပေးလှူရေးအဖွဲ့ ၂ ဖွဲ့၊ သွေးအလှူရှင်အသင်း ၂ သင်းနှင့် လုပ်အားဒါနရှင် ၃၉ ဦးတို့ လုပ်အားပေးလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့ပေါ်ရှိ ကုတင် ၁၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့်အတွက် ဆေးရုံပိတ်ထားရသည့်ကာလအတွင်း ဒေသခံများ၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်အရ ဘဒ္ဒန္တပုပ္ဖရမ္မ ကိုရင်လေးဆရာတော် ဦးဆောင်၍ ၎င်း၏သာသနာပြုနယ်မြေအတွင်း အခမဲ့ကျန်းမာရေးဝန်ဆောင်ပေးသည့် ယာယီဆေးခန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks