Sunday, March 8, 2026
More
    spot_img
    HomeCovid 19မော်လမြိုင် ဈေးကြိုရတနာထွန်းပွဲရုံတန်း ယာယီပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်နိုင်

    မော်လမြိုင် ဈေးကြိုရတနာထွန်းပွဲရုံတန်း ယာယီပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်နိုင်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၁၄)

    ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့်အကြောင်းပြချက်ဖြင့် မော်လမြိုင် ဈေးကြိုရတနာထွန်းပွဲရုံးတန်းကို ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ပြီး တစ်ပတ်ကြာယာယီပိတ်ထားရသည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ မြင့်တက်လာနိုင်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

    ဇူလိုင်လ ၁၂ ရက်နေ့တွင် ပွဲရုံတန်းကော်မတီက ထုတ်ပြန်ကြေငြာလိုက်သည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ အဓိကထားရောင်းချနေသည့် ပွဲရုံဈေးတန်းနေရာဖြစ်နေသောကြောင့်  ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မွန်ပြည်နယ်ကုန်သည်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးကျော်ခိုင်မြင့်က ပြောသည်။

    ဦးကျော်ခိုင်မြင့်က “ကျွန်တော်တို့အနေနဲ့ကတော့ ပွဲရုံကို မပေးပိတ်ချင်ဘူး။ ဈေးပိတ်တယ်ဆိုရင် စားသောက်ကုန်တွေ ဘာတွေ ဈေးတက်လာနိုင်တယ်။ ကျွန်တော်တို့ကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်း အတိုင်းပေါ့။ စားသောက်ကုန်ကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ပေးဖွင့်စေချင်တယ်”ဟု ပြောသည်။

    မွန်ပြည်နယ်၏ ကုန်စည်စည်းဆင်းမှု ရပ်တန့်မသွားစေရန်နှင့် စာသောက်ကုန်ဈေးနှုန်းများ မြင့်မတက်သွားစေရန် ကိုဗစ်စည်းကမ်းများနှင့်အညီ ဖွင့်ထားပေးသင့်ကြောင်း ၎င်းကဆိုသည်။

    ထို့အပြင် မွန်ပြည်နယ်ရှိ စည်ပင်သာယာဈေးများနှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအားလုံးကို ဇူလိုင်လ ၅ ရက်နေ့မှစတင်ပိတ်ထားပြီး အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကိုသာ ရောင်းချခွင့်ပြုထားကြောင်း သက်ဆိုင်ရာကထုတ်ပြန်ထားသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့်စာရင်းများအရ ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၁၃ ရက် ညပိုင်းအထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀၀၀ ဦး၊ သေဆုံးသူ ၁၁၀ ကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks