HomeCovid 19မြန်မာတစ်နိုင်ငံလုံး Stay at home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုရှိ

မြန်မာတစ်နိုင်ငံလုံး Stay at home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုရှိ

-


မွန်သတင်းအေဂျင်စီ (၂၀၂၁၊ ဇူလိုင် ၁၃)

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုအထိ ရှိလာပြီး ဇူလိုင်လ ၁၂ ရက်အထိ ကိုဗစ်ကြောင့်သေဆုံးသူ ၆၀၀ နီးပါး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန်လ ၂၈ ရက် မှ ဇူလိုင် ၄ ရက်ထိ မြိုနယ် ၂၆ မြိုနယ်ကိုသာ Stay at Home အရင် သတ်မှတ်ထားခဲ့ရာမှ လက်ရှိ အချိန်ထိ ထပ်တိုး သတ်မှတ်ထုတ်ပြန်ချက် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇၄ မြို့နယ်ထိ ရှိလာကြောင်း တွေ့ရသည်။

ဇူလိုင် ၆ ရက်တွင် နေပြည်တော် ဇမ္ဗူသီရီ နှင့် ပျဉ်းမနားမြိုနယ် အပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ ပဲခူး နှင့် ပြည်မြို့တို့ကို Stay at Home သတ်မှတ်ခဲ့သည်။
ဇူလိုင် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ် နှင့် သထုံမြိုနယ်တို့ကို Stay at Home ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မင်္ဂလယတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ဗဟန်း နှင့် မရမ်းကုန်းမြို့နယ်တို့ကိုလည်း သတ်မှတ်ခဲ့သည်။

ဇူလိုင် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ ကဝ၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ဝေါ နှင့် အုတ်ဖိုမြိုနယ်များ အပြင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ တာမွေ၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံ နှင့် လှိုင်မြိုနယ်တို့ကို Stay at Home ထပ်မံ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်းက  စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းက မကွေးမြို့နယ် ၊ ရှမ်းပြည်နယ်က သီပေါ၊ တာချီလိတ်နှင့် မူဆယ်မြို့နယ်၊ ဧရာဝတီတိုင်းတွင် ကန်ကြီးထောင့်နှင့်  ဟင်္သာတမြို့နယ်တို့ကိုလည်း  ဇူလိုင် ၁၃ ရက် မနက် ၄ နာရီမှစ၍ Stay at Home အမိန့် အကျုံးဝင်ကြောင်း တပ်တိုးထုတ်ပြန်ခဲ့သည်။

ပြည်နယ် နှင့် တိုင်း အသီးသီးတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသလို ‌ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးမှုနှုန်းလည်း မြင့်တက်လာနေကြောင်း သတင်းများက ဖော်ပြသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts