spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်တွင် အောက်စီဂျင်စက်ရုံ အမြန်တည်ဆောက်မည်

    မော်လမြိုင်တွင် အောက်စီဂျင်စက်ရုံ အမြန်တည်ဆောက်မည်

    -

    မွန်သတင်းအေဂျင်စီ (၁၂ ဇူလိုင် ၂၀၂၁)

    စက်ရုံတည်ဆောက်နိုင်သာ အောက်စီဂျင်စိတ်ချရမည်ဖြစ်သောကြောင့် မော်လမြိုင်မြို့ သာသနာနွယ်ဖောင်ဒေးရှင်းက မတည်ငွေများလက်ခံကာ ဇေတဝန်ကျောင်းအတွင်းရှိ မြေနေရာတွင် အောက်စီဂျင်စက်ရုံ အမြန်တည်ဆောက်သွားမည်ကြောင်း သိရသည်။

    “စက်ရုံကို ကောင်အထည်ဖော်နိုင်ဖို့က ကြိုစားနေဆဲပါပဲ၊ ၄၅ ရက်အတွင်း အပြီးတည်ဆောက်နိုင်အောင်ကြိုးစားသွားမယ်။ ခန့်မှန်းတန်းဖိုး သိန်း ၁၄၀၀ လောက် အကုန်အကျခံရမယ်။ ကိုယ့်ပြည်နယ်အတွင်းတစ်ခုကိုပဲ ရည်ရွယ်တာတော့မဟုတ်ပဲနဲ့ ကျွန်တော်တို့က အကူအညီတောင်းခံလာတဲ့ ဘယ်လူမျိုးမဆို ကူညီပေးသွားမယ်” ဟု သာသနာနွယ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လက်ရှိ အောက်စီဂျင်ဈေးကွက်တွင် ငွေကြေးတတ်နိုင်သူများကသာ အောက်စီဂျင်အိုးများကို ကြိုက်ဈေးပေး၍ ဝယ်ယူစုဆောင်းထားခြင်းနှင့် အောက်စီဂျင်လိုအပ်သည့်လူနာများ ပိုမိုများပြားနေခြင်းကြောင့် ပုံမှန်လည်ပတ်နေသည့် အောက်စီဂျင်အိုးများ ဈေးကွက်အတွင်း ပြတ်လပ်လျှက်ရှိသည်ကို တွေ့ရသည်။

    “အောက်စီဂျင်အိုးတွေ ပြတ်တဲ့အနေအထားက တစ်မြို့လုံးကို ဖြစ်နေတယ်။ ဒါပေမယ့် ဆယ်မြို့နယ်ဆောင်က လူနာတွေကို အောက်စီဂျင် လုံလုံလောက်ရအောင်တော့ ကူညီထားပေးတယ်။  ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် တစ်ပတ်အတွင်း အောက်စီဂျင်အိုး သိန်းထောင်ကျော်ကို ရအောင်လည်း မှာထားပေးတယ်” ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဌက ပြောသည်။

    မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တို့တွင် အောက်ဆီဂျင် Plant စက် တပ်ဆင်ထားပြီး ဆေးရုံအတွက် လိုအပ်သော အောက်ဆီဂျင်များကို ပံ့ပိုးနေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) မှ သိရသည်။

    ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် Mask, Face Shield, Hand gel နှင့် ဆေးဝါးပစ္စည်းတို့အပြင် အောက်စီဂျင်ဘူးများလည်း လူအများ ဝယ်ယူစုဆောင်းလာနေကြောင်း တွေ့ရသည်။

    သို့ရာတွင် အောက်စီဂျင် အဓိကလိုအပ်သည့် ဆေးရုံဆေးခန်းများကို ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံအချို့တွင် အောက်စီဂျင် တစ်ဦးချင်း လာရောက်ထုတ်ယူနေမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

    အာဆီယံနိုင်ငံအတွင်း မြန်မာနိုင်ငံသည် ကိုဗစ်ရောဂါကူးစက်သူ ၁ သိန်း ၄ သောင်းကျော်နှင့် သေဆုံးသူ ၃ ထောင် ၇ ရာကျော်ဖြင့် ပဉ္စမနေရာတွင် ရပ်တည်လျှက်ရှိပြီး နေအိမ်အတွင်းနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်စုစုပေါင်း ၆၃ ခု ရှိပြီးဖြစ်ကြောင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks