spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA အပေါ် သူတို့၏အမြင်သဘောထား

    NCA အပေါ် သူတို့၏အမြင်သဘောထား

    -

    မွန်သတင်းအေဂျင်စီ (၁၀ ဇူလိုင် ၂၀၂၁)

    နိုင်အောင်မငေး မွန်ပြည်သစ်ပါတီ – NMSP (ဗဟိုအလုပ်မှုဆောင် ကော်မတီ)

    NCA ရဲ့ လမ်းကြောင်းအတိုင်းပဲသွားမယ်၊ NCA ဆိုပေမယ့်လည်း အချက်အလက်အများကြီးရှိတာပေါ့လေ စစ်ရေးဆိုင်ရာအချက်အလက်တွေ၊ နိုင်ငံရေးဆိုင်ရာအချက်အလက်တွေ၊ လူမှုရေးဆိုင်ရာအချက်အလက်တွေ အများကြီးရှိတာပေါ့၊ အခုလောလောဆယ်တော့ NCA လမ်းကြောင်းအတိုင်းသွားမယ်လို့ ချမှတ်ထားတယ်၊ အဲလမ်းကြောင်းပေါ်မှာဆိုရင် အခုလောလောဆယ်အနေနဲ့တော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတော့ ကျွန်တော်တို့ မလုပ်ဘူး ဆိုင်းငံ့ထားတယ်၊ ဒါပေမယ့် ပါတီတစ်ခုချင်းအနေနဲ့ Bilateral တွေ့ရင်လည်း သူတို့ပါတီရဲ့ ရပ်တည်ချက်ပေါ်မှာ ရပ်တည်ပြီး ပြောရင်လည်း PPST အနေနဲ့တော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ ဒါသူတို့ပါတီရဲ့ ရပ်တည်ချက်သဘောထားပေါ့နော် အဲလိုချမှတ်ထားတယ်။

    ပဒိုစောတောနီး ကရင်အမျိုးသားအစည်းအရုံး KNU ( နိုင်ငံခြားရေးတာဝန်ခံ)

    KNU ကတော့ရှင်းပါတယ်၊ KNU ကတော့ သူ့ထုတ်ပြန်ချက်ရှိတာပဲလေ NCA ဆိုတာက စာချုပ်ပဲ ဒီအချိန်ဘာမှ လုပ်စားလို့မရဘူး၊ NCA ဆိုတာ စာချုပ်စာတမ်းပဲ အနှစ်သာရအားဖြင့်တော့ နိုင်ငံရေးဆွေးနွေးပွဲလေ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲက တရားမျှတမှုရှိရမယ်၊ ယဉ်ကျေးမှုအဆင့်နဲ့ နိုင်ငံရေးပုံစံကို ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီကိုအာမခံထားတယ် အဲတာတွေ အကုန်လုံးပေါ့ဗျာ အကြမ်းမဖက်တဲ့နည်းတွေ တော်တော်များများရှိတာ အနှစ်သာရရှိပါတယ်၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ ဘာတစ်ခုမှ မလုပ်ချင်ဘူးလေ အဲတာပြဿနာတက်တာ၊ စာချုပ်ကတော့ စာချုပ်ပါပဲ ပင်လုံစာချုပ်လို့ပေါ့၊ မပျက်ပါဘူး၊ ဒါပေမယ့်အကောင်အထည်မဖော်တာပဲရှိတာ၊ ကျွန်တော်တို့အနေနဲ့ KNU ကတော့ ရှင်းပါတယ်၊ ဒီအချိန်ဒီကာလမှာ ဆွေးနွေးပွဲကို ဘယ်လိုမှ လုပ်လို့မရဘူး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တနေ့တချိန်မှာ ရှိကိုရှိရမယ် သို့သော်ငြားလည်း အထူးသဖြင့် ရှိနေတဲ့ စစ်တပ်ပေါ့နော် ဒီပုံစံအတိုင်းတော့ လုံးဝအလုပ်မဖြစ်ဘူး၊

    ဒီလိုအခြေအနေမျိုးကတော့ လုံးဝလုပ်လို့ မဖြစ်ဘူး၊ NCA ဆိုတာတော့ရှိတယ်၊ NCA ရဲ့ သဘောသဘာဝ၊ NCA ရဲ့ အနှစ်သာရ အဲတာတွေက ဘာမှ မပျက်ယွင်းဘူး။ သူတို့အကောင်အထည်မဖော်တာပဲရှိတယ်၊ တကယ်တမ်းတွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ မတ်လ ၂၂ ရက်နေ့မှာ မင်းအောင်လှိုင်ဆီကိုပို့တဲ့ စာရှိတယ်၊ အဲစာအတိုင်း လက်ခံနိုင်ပြီဆိုရင် ကျွန်တော်တို့ ဆွေးနွေးပွဲလက်ခံလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုထားတဲ့အချက်က ၈ ချက်ရှိတယ်လေ၊ အဲဒီဟာတွေ သူတို့ လိုက်နာနိုင်မယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲကတော့ ဘာမှ မလုပ်စရာအကြောင်းမရှိပါဘူး၊ ဒီနိုင်ငံကို ပြဿနာဖြေရှင်းဖို့ဆိုရင် တွေ့ဆုံဆွေးနွေးပွဲကို လုပ်ကိုလုပ်ရမှာပါ၊

    တခြားသော မရှိဘူး NCA ကို အဲဒီမှာ Statement ထဲမှာ NCA ဆိုတဲ့ဟာ တစ်ခုတော့ပါလာပါတယ်၊ သို့သော်ငြားလည်း ကျွန်တော်တို့ ပြောနေတဲ့ NCA ဟာ ဒီပုံအတိုင်းဘယ်လိုမှ သွားလို့မရဘူး။

    ဗိုလ်မှူးကြီးခွန်ဥက္ကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO

    NCA အပေါ်ကတော့ မူလအတိုင်းပါပဲ အဖွဲ့ဝင်အများစုရဲ့ အခြေခံမူတွေ စံတန်ဖိုးတွေ၊ အနှစ်သာရတွေ ဒီအတိုင်းပဲ သွားကြမယ်ဆိုပြီးတော့ လက်ခံထားတယ်၊ အများစုပေါ့ အားလုံး ၁၀ ဖွဲ့စလုံး တညီတညွတ်ထဲတော့ မဟုတ်ဘူးပေါ့၊ ၈ ဖွဲ့လောက်က တညီတညွတ်ထဲ ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် တဖွဲ့နှဖွဲ့လောက်က နည်းနည်းခွာချင်လည်း ခွာမှာပေါ့ အဲဒီပုံစံများဖြစ်လာတာ၊ 

    မလုပ်ဘူး တွေ့ဆုံဆွေးနွေးရေး ဘယ်သူမှ မလုပ်ဘူး ဘာကြောင့်လည်းဆိုတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လက္ခဏာရပ်တွေက မပြည့်စုံဘူးလေ၊ အရင်တုန်းက တွေ့ဆုံဆွေးနွေးရေးလုပ်တယ်ဆိုတာက လူထုက ရွေးချယ်ထားတဲ့ အစိုးရရှိတယ်၊ လူထုက ရွေးကောက်ထားတဲ့ လွှတ်တော်ဆိုတာရှိတယ်၊ လွှတ်တော်ရယ် အစိုးရရယ်က အခုကမရှိဘူး၊ မရှိတော့ ဆွေးနွေးဖက်ထဲမှာ စစ်တပ်တစ်ခုတည်းရှိတာ အလုပ်က မဖြစ်ဘူး၊ စစ်တပ်ကလည်း အသွင်ပြောင်းပြီးတော့ အာဏာသိမ်းလိုက်တဲ့ အခါကျတော့ ဆွေးနွေးနိုင်မယ့် အခင်းအကျင်းမရှိတော့ဘူး ဆွေးနွေးဖို့တောင် မဖြစ်နိုင်တော့ဘူး၊ ဒါပေမယ့် ပုံစံကျကျစစ်စစ်မှန်မှန် ဆွေးနွေးနိုင်မယ့် အခင်းအကျင်းကိုတော့ ဖော်ထုတ်ရမှာပေါ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တော့ ဘယ်သူမှ မပြစ်ပယ်ပါဘူး ဒီလုပ်ငန်းစဉ်တော့ ရှိနေဦးမှာပါ၊

    NCA ကို ဖက်တွယ်တာ မဟုတ်ဘူးဗျ၊ ဖက်တာလည်း မဟုတ်ဘူး၊ မဖက်တာလည်း မဟုတ်ဘူး၊ NCA မှာ နိဒါန်းမှာကတည်းကိုက အဓိဌာန်ပြုပြီး အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ ကတိသစ္စပြုပါသည်ပေါ့ အဲဒီကတိကဝတ်ကိုတော့ စောင့်ရမယ် NCA လမ်းကြောင်းက အခုမအောင်မြင်သေးဘူး အခုဆက်လုပ်ရမှာ အများကြီးရှိတယ်၊ ရှိတယ်ဆိုတော့ ကျွန်တော်တို့က NCA ကို ဖျက်ဆီးတဲ့လူ၊ NCA ကို ချိုးဖောက်တဲ့လူ မဖြစ်အောင် NCA ရဲ့ ရည်မှန်းချက်ကို ဆက်သွားမယ်၊ ကတိကဝတ်ကိုစောင့်ထိန်းမယ်ဆိုတဲ့ နမူနာပြတာပေါ့ဗျာ ဒါက ဖက်တွယ်တာ မဟုတ်ဘူး၊ ကတိကဝတ်ပေးထားပြီးရင် လူက စောင့်ထိန်းရမှာ အဲတာပါပဲ၊ မစောင့်ထိန်းတဲ့သူက သူဟာသူသွားပေါ့ စောင့်ထိန်းတဲ့သူက စောင့်ထိန်းပေါ့ သို့သော် NCA လမ်းကြောင်းအောင်မြင်တဲ့အထိတော့ ကျွန်တော်တို့တော့ တစိုက်မတ်မတ်သွားဦးမှာပဲ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks