spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

    လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၉)

    ရေးမြို့နယ် လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး ယနေ့ (ဇူလိုင်လ ၉ ရက်) ညနေ ၆ နာရီ ခွဲအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ချို့ပြောသည်။

    မော့ကနင်ရွာသစ်ကျေးရွာနှင့် ဝယ်ဖယ်ကျေးရွာကြားရှိ အမှတ် ၃၁၇  အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် လမိုင်းမြို့မှ တပ်သို့ အရပ်ဝတ်ဖြင့်ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် မော့ကနင်ရွာသစ် ရွာထိပ်နားအရောက်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

    စစ်တပ်နှင့်နီးစပ်သူတစ်ဦးက “ဖြစ်စဉ်ကို အတည်ပြုပေးနိင်ပါတယ်၊ အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ပစ်ခတ်ခံရတာပါ၊ အခုချိန်မှာတော့ ဒီလောက်ပဲပြောနိင်ပါတယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    အဆိုပါအမြောက်တပ်သည် မော့ကနင်ရွာသစ်နှင့် နှစ်ကရင်ကျေးရွာအကြား ရွာချင်းဆက်မော်တော်ကားလမ်းပေါ် ရှိ ဝယ်ဖယ်ရွာအနီး ရာဘာခြံများနေရာ၌ အခြေစိုက်ထားသည် သိရသည်။

    အလားတူ လမိုင်းမြို့နှင့် ကော့ဒွတ်ကျေးရွာကားလမ်းအကြား ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းတွင် အမည်မသိသေနတ်သမား ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆံ ၂ ချက်စီထိမှန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီး၌ တက်ရောက်ကုသခံနေရဆဲဖြစ်သည်။

    Map; ခန့်မှန်းနေရာပြမြေပုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks