spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19မွန်အမျိုးသားအထက်တန်းကျောင်း အံဒင်ကို ယာယီပိတ်ထား

    မွန်အမျိုးသားအထက်တန်းကျောင်း အံဒင်ကို ယာယီပိတ်ထား

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၈)

    ရေးမြို့နယ် အံဒင်ကျေးရွာ အစိုးရစာသင်ကျောင်းမှ ဆရာမတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ယင်းကျေးရွာရှိ မွန်အမျိုးသား အထက်တန်းကျောင်းကိုလည်း ယနေ့မှစ၍ ယာယီပိတ်ထားလိုက်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

    “အခြေအနေကို စောင့်ကြည့်နေရတယ်။ သတင်းတွေကိုလည်း အာရုံစိုက်နေရတယ်။ ရေးမြို့နယ်အနေအထားနဲ့ ဒီရွာမှာ ရောဂါနဲ့ပတ်သက်ပြီး ဘယ်လောက်ဖြစ်ပွားနေတာလဲဆိုတာ အခြေအနေကြည့်ပြီး ကျောင်းကို ဘယ်လိုဖွင့်ရင် သင့်တော်မလဲဆိုတာ နည်းလမ်းရှာနေရတယ်။ ဒီတစ်ပတ်အတွက်တော့ ဒီနေ့ကစပြီး ကျောင်းကို ယာယီပိတ်ထားမယ်” ဟု မွန်အမျိုးသား အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး နိုင်သိန်းဝင်းက ပြောသည်။

    ယင်းအထက်တန်းကျောင်းတွင် ဆရာဦးရေ (၁၈) ယောက်ရှိပြီး ဘော်ဒါဆောင်နေကျောင်းသား(၁၃၀) ဦးနှင့် အနီးပတ်ဝန်းကျင်ရွာများကျောင်းသားအပါအဝင် စုစုပေါင်း (၃၀၀) နီးပါး မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားနေကြောင်း သိရသည်။

    သို့သော် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေနှင့် အခြား ကိုဗစ်ရောဂါဖြစ်ပွားမှုမရှိသေးသော စာကျောင်းများကို ဆက်လက်ဖွင့်ထားပြီး ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများလည်းဖြစ်သည့် Mask, Face Shield နှင့် Hand-Gel တို့ကို အသုံးပြုရန် ညွန်ကြားထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီက ဆိုပါသည်။

    “ကျောင်းအများစုကို မပိတ်ရသေးဘူး။ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း ပြင်းထန်လာတော့ တစ်ချို့ သုံလေးကျောင်းကို ပိတ်ထားတယ်။ ဒါတောင် ကျောင်းကို ပိတ်လိုက်တာမဟုတ်ဘူး။ အပြင်မထွက်ဖို့နဲ့ အပြင်လူတွေနဲ့ မထိတွေ့၊ မဆက်ဆံဖို့လောက်ပဲ။ Stay at Home ပုံစံနဲ့ ကျောင်းအိပ်ကျောင်းစားပဲ နေရမယ်” ဟု မွန်အမျိုးသားပညာရေးကောမတီဝင် ဆရာမင်းအောင်ဇေက ပြောသည်။

    မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွင် မွန်အမျိုးသားကျောင်း (၁၃၄) ကျောင်းရှိပြီး ဇွန်လဆန်းကတည်းက စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် မိမိနေအိမ်မှ သင်ကြားပေးနိုင်သော Home Based Learning စနစ်မျိုးကိုလည်း သင်တန်းပေးထားကြောင်း သိရသည်။

    ထို့အတူ ကိုဗစ်ရောဂါကူးစက်မှုနှုန်းများပြားနေသော မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at Home သတ်မှတ်ထားသဖြင့် ယင်းမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

    Caption; မွန်အမျိုးသားအထက်တန်းကျောင်း (အံဒင်) Photo: Jaeneh Aong (FB)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks