Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစုပေါင်းအားဖြင့် အကောင်အထည်ဖော်သွားမည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင်သစ် နိုင်အောင်မင်းပြော

    စုပေါင်းအားဖြင့် အကောင်အထည်ဖော်သွားမည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင်သစ် နိုင်အောင်မင်းပြော

    -

    မွန်သတင်းအေဂျင်စီ (၈ ဇူလိုင် ၂၀၂၁)

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအလုပ်အဖွဲ့ခေါင်းဆောင်သစ်ဖြစ်လာသူ  မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်အောင်မင်းက ရှေ့လုပ်ငန်းစဉ်တွေကို စုပေါင်းအားဖြင့် အကောင်အထည်ဖော်သွားမည်ဟု ယာယီအလုပ်အဖွဲ့ကိုယ်စား ပြောကြားသည့် နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “NCA စာချုပ်ရေးထိုးပြီးနောက်ပိုင်း ၆ နှစ်တာ ကာလအတွင်း PPST ကို ဦးဆောင်မှုပေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်အောင် တိကျလမ်းညွှန်မှုတွေ ပေးခဲ့ကြတဲ့ PPST အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ KNU ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ရဲ့ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါတယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို စုပေါင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ဟု နိုင်အောင်မင်းက ပြောသည်။

    PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူလိုက်ပြီး မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်အောင်မင်းကို ဇူလိုင် ၇ ရက်တွင် အပစ်ရပ် ၁၀ ဖွဲ့ NCA-S EAO က တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခင်းအကျင်းအရ PPST ၏ ဦးဆောင်မှု အခန်းကဏ္ဍကို အနည်းငယ် ပြောင်းလဲခဲ့ရပြီး အဖွဲ့ခေါင်းဆောင် တစ်ဦးက တာဝန်ယူဦးဆောင်မှု ပုံစံကနေ အလုပ်အဖွဲ့က ဦးဆောင်သည့် ပုံစံအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု နိုင်အောင်မင်းက ဆိုသည်။

    ၄င်းက “ဒီပြောင်းလဲမှုကလည်း လာမယ့် စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး ဒုတိယပိုင်းအထိသာဖြစ်ပါတယ်၊ ဒီကြားကာလ ၆ လအတွင်းမှာ မိမိတို့အဖွဲ့ဝင်သုံးဦးပါတဲ့ ယာယီအလုပ်အဖွဲ့ကို တာဝန်ပေးအပ်ခဲ့ပါတယ်၊ မိမိတို့ ယာယီအလုပ်အဖွဲ့အနေဖြင့် PPST ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ယာယီအလုပ်အဖွဲ့အနေဖြင့် PPST ၏ လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး လာမည့် စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး ဒုတိယပိုင်းအထိသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

    PPST ကို  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့က အဖွဲ့ဝင် (၁၀)ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။

    သို့ရာတွင် NCA အပစ်ရပ် ၁၀ ဖွဲ့အနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်မဟုတ်ကြောင်း PPST က သဘောထားထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks