spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု ပြောင်းလဲသတ်မှတ်

    မြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု ပြောင်းလဲသတ်မှတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၃)

    ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တွေ့ရှိရသည်။

    မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ဗိမ္မာန်နှင့် မုခ်ဦးနှစ်ခုကို ဇွန် ၆ ရက် ညပိုင်းက ဘူဒိုဇာများ အသုံးပြုကာ ဖြိုချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    ယခုပြောင်းလဲသတ်မှတ်လိုက်သည့် ဦးစပန်းခြံမှာ ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားသော မြန်မာစာပေနှင့် ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သူ မြဝတီဝန်ကြီး(ဝါ) မြဝတီမင်းကြီး ဦးစ (၁၈၃၀-ခုနှစ်ခန့်) နာမည်ဖြစ်သည်ဟု သိရသည်။

    အဆိုပါ  အာဇာနည်ပန်းခြံကို NLD အစိုးရလက်ထက်တွင်  တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နစကကောင်စီလက်ထက်တွင် ပြန်လည်ဖြိုဖျက်ကာ နာမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

    ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဘားအံ၊ ကော့ကရိင်္တ၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ် (၄) မြို့နယ်တွင်ရှိသည့်အာဇာနည်ဗိမာန်နှင့် အာဇာနည်ကျောက်တိုင်ပြုလုပ်ထားသည့် အဆောက်အဦးများကို ကောင်စီက ဇွန်လ ၆ ရက်နေ့က အလားတူ ဖြိုဖျက်ခဲ့သည်။

    ပြီးခဲ့သည့် NLD အစိုးရလက်ထက်က နိုင်ငံတဝန်းတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် အာဇာနည်ဗိမာန်များကို တိုင်းရင်းသားဒေသများတွင် စိုက်ထူခဲ့သဖြင့် ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့် မွန်ပြည်နယ်တွင်ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်း၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စများက အများဝေဖန်စရာ ဖြစ်စေခဲ့သည်။

    ထို့ပြင် NLD အစိုးရအမည်ပေးခဲ့သည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား”ကိုလည်း ကမ္ဘည်းကျောက်စာ မော်ကွန်းအသစ် ပြန်လည်ရေးထိုးစေ၍ စစ်ကောင်စီဥက္ကဌကိုယ်တိုင်သံလွင်တံတား(ချောင်းဆုံ) အမည်ဖြင့် ဇွန်လ ၁ ရက်နေ့က ပြောင်းလဲဖွင့်လှစ်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks