spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်ဆေးရုံကြီး ကိုဗစ်အတည်ပြုလူနာ ၅ ဦး တစ်ရက်တည်းစံချိန်တင်သေဆုံး

    မော်လမြိုင်ဆေးရုံကြီး ကိုဗစ်အတည်ပြုလူနာ ၅ ဦး တစ်ရက်တည်းစံချိန်တင်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၃ ဇူလိုင် ၂၀၂၁)

    မော်လမြိုင်ဆေးရုံကြီး ကိုဗစ်လူနာကုသရေး Isolation ward 1 တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ယနေ့နံနက်ပိုင်းက တစ်ရက်တည်းစံချိန်တင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    မော်လမြိုင်မြို့ ကျိုက်ဖနဲရပ်ကွက်မှ အသက် ၆၀ အမျိုးသမီးတစ်ဦး၊ ဒေါင်းဇရပ်ရပ်ကွက်မှ အသက် ၅၈ နှစ်အမျိုးသားတစ်ဦး၊ မော်လမြိုင်မြို့နယ် ကော့ခနိရွာမှ အသက် ၃၇ နှစ် အမျိုးသမီးတစ်ဦး၊ သံဖြူဇရပ်မြို အောင်မင်္ဂလာရပ်ကွက်မှ အသက် ၇၉ နှစ် အမျိုးသားတစ်ဦး၊ သထုံမြို့ ပေါ်တော်မူကျေးရွာမှ အသက် ၈၆ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ 

    မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက “ညပိုင်းက ၂ ယောက်၊ ဒီနေ့ မနက်ပိုင်းက ၃ ယောက် ၅ ယောက်စလုံးကိုဒီမနက်မှာ ကျနော်တို့ သင်္ဂြိုလ်ခဲ့ပြီးပြီ၊ မော်လမြိုင်မှာတော့ ပိုးတွေ့လူနာ စံချိန်တင် အများဆုံး သေဆုံးခဲ့တဲ့နေ့တစ်နေ့ပေါ့၊ မွန်ပြည်နယ်မှာ ပိုးတွေ့မှုနှုန်းက သံဖြူဇရပ်၊ သထုံ၊ မော်လမြိုင်နဲ့ ပေါင်မြို့နယ်မှာ အဆိုးဝါးဆုံးအနေအထား ရောက်ရှိနေတာပေါ့နော်” ဟု ပြောသည်။

    Isolation ward 1 ဆေးကုသမှု ခံယူနေသည့် အသက် ၄၈ နှစ်အရွယ် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယမန်နေ့က ထပ်မံသေဆုံးသဖြင့် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

    ယနေ့နံနက်ပိုင်း ဓါတ်ခွဲလူနာဆေးစစ်ချက်အရ လက်ရှိတွင် မွန်ပြည်နယ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ရှိပြီး ယနေ့ညနေပိုင်းတွင် ပိုးတွေ့ရှိမှုပိုများလာနိုင်မည့်အလားအလာရှိကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ခန့်မှန်းထားသည်။

    မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အတည်ပြုလူနာ ၃၆၇၉ ဦး၊ သေဆုံးသူ ၄၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။  

    မြန်မာနိုင်ငံတွင် COVID-19 တွေ့ရှိမှု ဆက်တိုက်မြင့်တက်လာပြီး ဇွန် ၁၉ ရက်မှ ဇူလိုင် ၂ ရက်အထိ နှစ်ပတ်အတွင်း သေဆုံးသူ ၁၁၃ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks