spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်မရောထောင်က ထိန်းသိမ်းခံထားရသူများပြန်လွှတ်ပေးခဲ့ရာတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသူကျောင်သားများမပါဝင်

    ကျိုက်မရောထောင်က ထိန်းသိမ်းခံထားရသူများပြန်လွှတ်ပေးခဲ့ရာတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသူကျောင်သားများမပါဝင်

    -

    မွန်သတင်းအေဂျင်စီ (၂ ဇူလိုင် ၂၀၂၁)

    အကျဥ်းထောင်အသီးသီးတို့တွင် ဖမ်းဆီးထိန်းသိမ်းထားသူများအား ဇွန်လ ၃၀ ရက်နေ့က နစကကောင်စီ ပြန်လွှတ်ပေးခဲ့ရာတွင် ကျိုက်မရောထောင်၌ ထိမ်းသိမ်းခံထားရသော တက္ကသိုလ်ကျောင်းသူ/သားများ မပါဝင်ကြောင်း သိရသည်။

    ကျိုက်မရောအကျဥ်းထောင်မှ ပြည်သူ ၃၃ ဦးလွှတ်ပေးခဲ့သော်လည်း မွန်ပြည်နယ်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လှုပ်ရှားမှုတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကျိုက်မရောအကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးက ပြောသည်။

    “ဥပဒေ ပြစ်ဒဏ်နည်းတဲ့သူတွေကျတော့ လွှတ်ပေးတဲ့ကဏ္ဍတွေရှိတယ်ပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့မှာက ၅၀၅ (က)၊ (ခ) အပြင် အခြားသော ပုဒ်မ တွေနဲ့လည်း စွဲထားတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်။ သို့သော် ကျွန်တော်တို့က အများကြီးတော့ မမှန်းလိုဘူး၊ မမှန်းဘူးဆိုတာက အများကြီးလွှတ်မယ်လို့ မမြင်ထားဘူး။  တက္ကသိုလ်ကျောင်းသားအနေနဲ့တော့ မည်သူတစ်ဦးတစ်ယောက်မှ လွတ်မြောက်တာ မရှိခဲ့ဘူး” ဟု မင်းသံစဉ်ဦးက ဆိုသည်။
    ကျိုက်မရော အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာသူများထဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့မှ ပြည်သူအနည်းစုသာဖြစ်ကြပြီး မတရားဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ပြည်သူများ ကျန်ရှိနေသေကြောင်း ၄င်းက ဆက်ပြောသည်။

    မင်းသံစဉ်ဦးက “အခုက လုံခြုံတဲ့ တစ်နေရာကို ပြေးလာရတဲ့အခါမှာ စာရွက်စာတမ်းတွေက တစ်နေရာမှာ ကျန်ခဲ့တယ်။ အခုချိန် ဖမ်းဆီးခံကျောင်းသား/သူ စာရင်းပြန်လုပ်နေရတဲ့အနေအထားဖြစ်တယ်။ By Name တော့မပါဘူး အမျိုးသမီး ဘယ်နှစ်ယောက်၊ အမျိုးသား ဘယ်နှစ်ယောက် ဘယ်မြို့နယ်၊ ဘယ်မေဂျာ ဘယ်နှစ်ယောက် ဆိုတာကို ပြန်ကြေညာပေးပါမယ်” ဟု ပြောသည်။

    လက်ရှိ အခြေအနေများအရ မော်လမြိုင်တက္ကသိုလ်မှ ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်သူ စာရင်းအတိအကျကို ကျောင်းသာသမဂ္ဂမှ ပြန်လည်ပြုစုနေရပြီး မကြာခင် Mawlamyine University Students’ Union က ကြေညာပေးသွားမည်ဖြစ်ဟု သိရသည်။

    နစကကောင်စီကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၅ဝဝဝ ကျော်ရှိသည့်အနက် ၂၃ဝဝ နီးပါးကို ဇွန်လ ၃ဝ ရက်နေ့က ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ကျန်နေသူများမှာ အကျဉ်းထောင်အသီးသီးနှင့် စစ်ကြောရေးစခန်းများတွင် ရှိနေဆဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ခန့်မှန်းပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks