spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ရောဂါကူးစက်မြင့်မားနေချိန်တွင် အဘက်ဘက်မှပူးပေါင်းပါဝင်မှုအားနည်းဟု ထောက်ပြမှုရှိ

    ကိုဗစ်ရောဂါကူးစက်မြင့်မားနေချိန်တွင် အဘက်ဘက်မှပူးပေါင်းပါဝင်မှုအားနည်းဟု ထောက်ပြမှုရှိ

    -

    မွန်သတင်းအေဂျင်စီ (၂ ဇူလိုင် ၂၀၂၁)

    ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်အတူ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်မြင့်တက်နေချိန်တွင် မွန်ပြည်နယ်မှ ဌာနဆိုင်ရာအပါအဝင် အဘက်ဘက်မှ ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်း ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းအချို့က ထောက်ပြပြောဆိုကြသည်။

    လက်ရှိတွင် ကိုဗစ်ရောဂါကူးစက်မှု အသေးစိတ်အခြေအနေ၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ Volunteer အင်အားလျော့နည်းနေမှုကြောင့် ယခု ကိုဗစ်တတိယလှိုင်းကို ကာကွယ်တာဆီးနိုင်ရန် စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သံဖြူဇရပ်မြို့ ကိုဗစ်ကာကွယ်ရေး အရပ်ဖက်အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်နေသူ ဦးတင်မျိုးအောင်က ပြောသည်။

    “ကျွန်တော်တို့သံဖြူဇရပ်မှာဆို ကူးစက်မှုအခြေအနေက ဆိုးနေတဲ့အချိန်မှာ ည ည၊ လက်ဆေးပါလို့ သီချင်းလေးဖွင့်ပြီး ကားနဲ့လှည့်ရုံနဲ့ကူးစက်မှုကို ကာကွယ်နိုင်မယ်မထင်ဘူး။ ရောဂါဖြစ်ပွားမှုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်မှသာလျင် ပျက်စီးဆုံးရှုံးမှုနည်းမယ်။ ဖြစ်စေချင်တာက အရပ်ဖက်အဖွဲ့အစည်းရော အစိုးရ အဖွဲ့အစည်းပါ စုပေါင်းအဖြေရှာသင့်တယ်” ဟု ဦးတင်မျိုးအောင်က ဆိုသည်။ 

    ထို့အပြင် ပြည်နယ်အတွင်း ကိုဗစ်လူနာများကို အဓိက ကုသပေးနေသည့် ထားဝယ်ဆောင်နှင့် Isolation Ward 1 ၊ 3 တို့တွင် လူနာ ၃၀၀ ကျော်အထိရှိနေသဖြင့် ရှိသမျှကုသရေးဝန်ထမ်းအင်အားဖြင့် မညီမမျှရုန်းကန်နေရကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “အရင်တုန်းက လုပ်အားပေး ဆရာဝန် ဆရာမတွေလည်းရှိတယ်။ Volunteer တွေလည်းအင်အားနည်းနည်းတောင့်တယ်။ အခုအနေအထားက အဘက်ဘက်က အင်အားနည်းနေတော့ အရင်ကလို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ဖို့ အားနည်းသွားတယ်” ဟု ၎င်းက ဆိုသည်။

    ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာသည့်အတွက် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်က စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုထားသည်။

    ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၁ ရက်နေ့ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း ကိုဗစ်လူနာ ၃၀ ဦးထပ်မံတွေ့ရှိရပြီး လက်ရှိတကြော့ပြန်ကူးစက်မှုတွင် ကိုဗစ်လူနာ ၅၀၀ နီးပါးအထိရှိလာပြီး ဖြစ်သည်။

    Caption; Covid-19 ရောဂါကြောင့် ကွယ်လွန်သွားသူ ဟိန္ဒူဘာသာဝင်တစ်ဦးအား မိသားစုကိုယ်စား လူမှုအဖွဲ့အစည်းက သဂြိုလ်ပေးနေစဉ် (FB: ဇင်မိုး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks