spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်မြို့နယ်အတွင်း ပါဆယ်စနစ်ဖြင့်သာ ဆိုင်များရောင်းချခွင့်ပြု

    မော်လမြိုင်မြို့နယ်အတွင်း ပါဆယ်စနစ်ဖြင့်သာ ဆိုင်များရောင်းချခွင့်ပြု

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၁)

    မော်လမြိုင်မြို့နယ်အတွင်း ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ မနက်ဖြန် (ဇူလိုင် ၂ ရက်) ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း မြိုနယ်စည်ပင်သာယာရေးဦးစီးဌာနက စာထုတ်ပြန်လိုက်သည်။

    သီရီမြိုင်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးက “ကျွန်တော်တို့ ဆိုင်တွေမှာက အလုပ်သမားတွေကို ခေါ်ထားရတယ်။ ကျွေးထားရတာပေါ့။ ပါဆယ်စနစ်နဲ့ရောင်းရမှာမို့ဆိုပြီး သူတို့ကို အလုပ်ထုတ်ပစ်လို့လည်းမရ၊ မကျွေးလို့လည်း မရဘူး။ သူတို့ကိုရဲ့ စားဝတ်နေရေးကို ပြန်ကြည့်ပေးရသေးတယ်။ ကိုဗစ်အခြေအနေကို ကြည့်ပြီး စည်းကမ်းလေးနဲ့ ဖွင့်ခွင့်ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်”ဟု ပြောသည်။

    ဆိုင်များအနေဖြင့် စည်းကမ်းလိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက်နှင့် ကိုက်ညီသော ဆိုင်များကို ဖွင့်ခွင့်ပေးမည်ဆိုပါက ပိုအဆင်ပြေလာမှာ ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

    မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်ကူးစက်မှု အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ‘ဘိုဘိုဝင်း’အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ကိုဘိုဘိုဝင်းက ပြောသည်။

    “ရပ်ကွက်တွေထဲမှာ ကိုဗစ် တွေက မြင့်တက်လာပြီ။ ထုတ်ပြန်ချက်တွေနဲ့ ပြည်သူကို Information မပေးနိုင်လို့သာ မသိနေကြတာ။ Rate တွေက အရမ်းများနေပြီ နေ့တိုင်းစစ်တာ နေ့တိုင်းပေါ်နေတယ်။ ဒီနေ့ဆို မိသားစု ၇ ယောက်နေတဲ့အိမ်ကို စစ်တာ အကုန်လုံးနီးနီးပေါ်တယ်။ အနံပျောက်တွေကို နေ့တိုင်းပို့နေရတယ်။ နေ့တိုင်းတွေ့နေတယ်။ အဲတော့ မော်လမြိုင်က Rate တွေကို ထိန်းနိုင်ဖို့ ထိန်းချုပ်ချင်လို့ လုပ်တယ်လို့မြင်တယ်”ဟု ၄င်းက ပြောသည်။

    လက်ရှိအနေအထားမှာ တစ်ဦး ကူးစက်ခံရပါက မိသားစု အားလုံးကူးစက်နေသည့်ကို တွေ့ရှိရကြောင်း`f ပြည်သူများလည်း ပူးပေါင်းပါဝင်ကာ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်များကို လိုက်နာစေလိုကြောင်း  ၄င်းက ဆက်လက်တိုက်တွန်းပြောဆိုခဲ့သည်။

    ပြီးခဲ့သည့်ဇွန်လအတွင်း မော်လမြိုင်ဆေးရုံကြီး၌ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာကြောင်း သိရသည်။

    အလားတူ ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေသည့် သံဖြူဇရပ်မြို့တွင်လည်း ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုကြောင်း ဇွန်လ ၂၉ ရက်နေ့က စာထုတ်ခဲ့သည်။

    ပြီးခဲ့သည့် ည (၈:၀၀) နာရီက ဓာတ်ခွဲနမူနာ စုစုပေါင်း (၇,၉၂၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၈၀) ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံတဝန်း ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၇,၂၇၇) ဦး၊ ဆေးရုံဆင်းပြီးသူ စ (၁၃၆,၄၄၃) ဦး၊ သေဆုံးသူစုစုပေါင်း (၃,၃၃၄) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks